Monday, March 30, 2015


ငဖဲ     မတ်     ၃၀
    နယ်စပ်ဒေသအပါအ၀င် ကျေးလက်နှင့်မြို့ပြနေပြည်သူများ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက် စေရန် လမ်း/တံတား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို နိုင်ငံတော်မှ ငွေစာရင်းခေါင်းစဉ်အလိုက် နှစ်စဉ် ခွဲဝေချထားဆောင်ရွက်ပေးလျက်ရှိရာ ရခိုင်ပြည်နယ်ရဲ့  ထွက်ကုန် သွင်းကုန် အသွား အပြန်  ကုန်သွယ်ရေးအတွက် ပမာဏ သိသိသာသာမြင့်မားတိုးတက်မည့် အဓိကလမ်း/တံတား များထဲမှတစ်ခုအပါအ၀င်ဖြစ်သည့် မင်းဘူး-အမ်းကားလမ်း မိုင်တိုင်အမှတ်  ၂/၃၂(ပဒါန်းတံတား) မှာပြီးစီးနေပြီဖြစ်၍ မတ်၃၁ ရက်နေ့တွင် ဖြတ်သန်းသွားလာအသုံးပြုခွင့်ပေးတော့မည်ဖြစ်သည်။
    အဆိုပါ တံတားမှာ ယခင်က(၁၃)တန်သာဖြတ်သန်းခွင့်ပြုသည့် ဘေလီသံဘောင် ပျဉ်ခင်းတံတားဖြစ်ကာ ယခုယာဉ်တစ်စီးချင်း ခွင့်ပြုတန်(၆၀) Bore Pile သံကူကွန်ကရစ် တံတားအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့ရာ တံတားအရှည်ပေ(၈၀)အကျယ်(၃၀)ပေဖြစ်ပြီး ၂၀၁၄-၂၀၁၅ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေကျပ်သန်း(၁၃၀)ဖြင့် Brave Tiger ကုမဏီမှ  တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
    မင်းဘူး-အမ်းလမ်းပေါ်မှ အဆိုပါတံတားသည် မကွေးတိုင်းဒေသကြီးနှင့်ရခိုင်ပြည်နယ် ဆက်သွယ်သည့် အဓိကလမ်း/တံတားဖြစ်သည့်အပြင် ငဖဲမြို့နယ် ပဒါန်းကျေးရွာအနီးတွင်တည်ရှိ ပြီး ပဒါန်းကျေးရွာနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများမှလည်း ၄င်းတံတားကိုအမီပြု၍ လူမှုရေး၊ စီးပွားရေး၊ကျန်းမာရေးနှင့်ကုန်စည်စီးဆင်းမှုတို့တွင် အဆင်ပြေ လွယ်ကူချောမွေ့တော့မည်ဖြစ်တဲ့ အတွက် ဒေသခံပြည်သူများ ၀မ်းသာလျက်ရှိကြသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video