Monday, March 30, 2015

ဆင်ပေါင်ဝဲ             မတ်လ ( ၃၀)
မကွေးတိုင်းဒေသကြီး ၊သရက်ခရိုင်၊ဆင်ပေါင်ဝဲမြို့နယ် ဧကရာဇ်ကျေးရွာတွင် ဂွတ်နေးဘား(စ်) (မြန်မာ )နှင့် ဧကရာဇ် ကျေးရွာ လူထုတို့ ပူးပေါင်း ဆောက်လုပ် သော အလင်းရောင် မူလတန်းကြိုကျောင်း လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားကို ၂၀၁၅-ခုနှစ်၊ မတ်လ (၃၀) ရက် နံနက် (၉:၀၀)က ဧရာဇ်ကျေးရွာ ၊မူလတန်း ကြို ကျောင်း၌ ကျင်းပရာ ရှေ့ဦးစွာ အလင်းရောင် ကိုယ်အား ကိုယ်ကိုး မူလတန်း ကြို ကျောင်း သစ်အား မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး  မော်မော်၊ မြို့နယ်စည်ပင်အမှုဆောင် အရာရှိ ဦးမျိုးနိုင်၊ဂွတ်နေဘား(စ် ) အင်တာ နေရှင်နယ် မြန်မာ စီမံချက်မန်နေဂျာ ဦးခင်ဇော်လင်းနှင့် ၊မြို့နယ်မြေစာရင်းဦးစီးမှူး ဦးမြင့်သိန်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး လက်ထောက်မြို့နယ် ပညာရေးမှူး ဦးဝင်းနိုင်ကအဖွင့်အမှာစကား
 ပြောကြားသည်။
    ဆက်လက်၍ ဦးခင်ဇော်လင်း (ဂွတ်နေ ဘား  (စ်) မြန်မာ စီမံချက်မန်နေဂျာ)က ကျောင်းဆောင်သစ် လွှဲပြောင်းမှတ်တမ်းလွှာ အား ပေးအပ်ပြီး ၊အဆိုပါ ကျောင်း ဆောင် သစ် လှူးဒါန်း ပေးရခြင်း နှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
     ဆက်လက်၍ ကျေးရွာဖွံဖြိုးရေး ထောက်အကူပြု ကော်မတီမှ  ဂွတ်နေဘား(စ်)(မြန်မာ)သို့ ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ပြီး ဦးအောင်မြင့်သန်းက  ဧကရာဇ်ကျေးရွာ ပြည်သူများကိုယ်စား
 ကျေးဇူးတင်စကား ပြောကြားသည်။
       ထို့နောက် ဧကရာဇ်ကျေးရွာ အုပ်ချုပ်ရေးမှူး က မူလတန်းကြို ကျောင်းနှင့် ပတ်သက်၍ ဆက်လက်ထိန်းသိမ်းရေး အစီစဉ်များကို ပြောကြားပြီး အလင်းရောင် မူလတန်းကြိုကျောင်း ကျောင်းအုပ် ဆရာမ ဒေါ်ခင်မာလာက မူလတန်း ကြိုကျောင်း နှင့်ပတ်သက်၍ သင်ကြား ပုံများနှင့် အခက်အခဲများကို ရှင်းလင်း ပြောကြားသည်။
       အဆိုပါ အခမ်းအနားသို မြို့နယ်ဌာနဆိုင်ရာများ၊့ ဂွတ်နေဘား(စ်) မြန်မာ ကတာဝန်ရှိ သူများ၊အလင်းရောင် မူလတန်း ကြို ကျောင်း ကျောင်းသား/သူ၊ဆရာမများ နှင့်ဒေသခံပြည်သူများ တက်ရောက်ကြ သည်။
                 အဆိုပါ အလင်းရောင် မူလတန်း ကြိုကျောင်း မှာ အလျား ပေ(၉၀) ၊အနံပေ (၃၀)ရှိပြီး စုစုပေါင်းတန်းဖိုးငွေ ကျပ်သိန်း (၃၁၄) ကုန်ကျပြီး   နံနက်(၈:၀၀)မှ နေ့လည်(၃:၀၀)ထိ ကျောင်းသား/သူ (၈၀)အား ဆရာ/မ (၄)ဦးတို့က  သင်ထောက်ကူ ပစ္စည်းများ ပြည့်စုံစွာဖြင့် ကလေးများ ဗလငါးတန် ဖွံဖြိုးရေးကို အထူးအလေးထား လေ့ကျင့် သင်ကြား ပေးလျက် ရှိကြောင်း သတင်းရရှိသည်။
                                    မျိုးမျိုး(ဆင်ပေါင်ဝဲ)  

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video