၂၀၁၅ ခုနှစ်၊ မတ်လ ၈ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါ မြို့နယ်၊ စိုင်ဒူးကျေးရွာနေသူ ဦးငမောင် (၇၀)နှစ်သည် ပူအိုက်လွန်း၍ မြစ်သာမြစ်အတွင်း ရေဆင်းချိုးရာ ကမ်းခြေမှ ၁၅ ပေခန့်အကွာ၊ ရေအနက် (၈)ပေခန့် အရောက်တွင် ရေနစ်နေသည် ကို မြစ်သာမြစ်ကမ်းစပ် တွင် သဲတင်ရန် ကားစောင့်နေသော ပိုဦးကျေးရွာနေသူ ဖိုးပြား(ခ) အောင်မင်းထွန်း (၂၇)နှစ်နှင့် လာဘို့ကျေးရွာနေသူ ဦးစောလွင် (၄၃)နှစ်တို့(၂)ဦးမှ မြင်တွေ့ရသဖြင့် သွားရောက်ဆယ်ယူခဲ့ရာ ကုန်းပေါ် အရောက်တွင် သေဆုံးသွားသဖြင့် သေဆုံးသူသည် ဓမ္မတာအတိုင်းသဆုံးခြင်း ဟုတ်/မဟုတ် သိရှိနိုင်ရန် အတွက် ဂန့်ဂေါမြို့နယ်၊ မြို့မရဲစခန်းသေမှုသေခင်း အမှတ်စဉ်(၂/၂၀၁၅) ဖြင့် ရေးဖွင့်ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။
Monday, March 9, 2015
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment