၂၀၁၅ ခုနှစ်၊ မတ်လ ၈ ရက်နေ့ ညနေ (၄)နာရီခွဲ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် မြင်းဇာကျေးရွာတွင် ထန်းပင်ပေါ်မှပြုတ်ကျ၍ လူတစ်ဦး သေဆုံးနေကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံး သူမှာ မြင်းဇာကျေးရွာနေ ဦးစိုးလှ(ခ)ဖိုးပြား(၄၅)နှစ် ဖြစ်ပြီး ၄င်းသည် နေအိမ်မှ (၂)မိုင်ခန့်အကွာ လယ်တောထဲရှိ ပေ(၃၀)ကျော်ခန့် မြင့်သော ထန်းပင်ပေါ်သို့ ထန်းရည်ယူရန် တက်ရာမှ ထန်းပင်ပေါ် မှ ပြုတ်ကျပြီး ထန်းပင်နှင့် (၃)ပေခန့်အကွာ မြေကြီးပေါ်တွင် မှောက်လျှက် အနေအထားဖြင့် ပါးစပ်မှ သွေးထွက်ပြီး သေဆုံးနေသည်ကို လယ်တောထဲတွင် နွားကျောင်းနေသော တစ်အိမ်တည်း အတူနေ အစ်ကိုအရင်းဖြစ်သူ ဦးဘငွေမှ တွေ့ရှိရကြောင်း သိရှိရပါသည်။ ဦးစိုးလှ(ခ)ဖိုးပြား သေဆုံးခြင်း မှာ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် သိရှိနိုင်ရန်အတွက် ဂန့်ဂေါမြို့နယ်၊ မြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၃/၂၀၁၅) ဖြင့် ရေးဖွင့်ဆောင်ရွက်လျက် ရှိကြောင်း သိရှိရပါသည်။
Monday, March 9, 2015
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment