Monday, March 9, 2015
2:40 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
မြို့သစ် မတ် ၈
မကွေးခရိုင် မြို့သစ်မြို့နယ် သန်းကုန်းကျေးရွာရှိချိုင်းကျောင်းဓမ္မာရုံတွင် မြန်မာနိုင်ငံလုံး ဆိုင်ရာဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေးဗဟိုအဖွဲ့က မတ်လ ၈ ရက်နေ့ နံနက်၇း၀၀နာရီ အချိန်ကအဆိုပါဘုန်းတောကြီးကျောင်းတွင်ဖွင့်လှစ်ခဲ့သည်။ ရှေးဦးစွာမြန်မာနိုင်ငံလုံး ဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေးဗဟိုအဖွဲ့အတွင်းရေးမှုး၃ဦးလှမျိုးကနုတ်ဆက် အဖွင့်အမှာ စကားပြောကြားခဲ့ပြီးနေပြည်တော်ယဉ်ကျေးလိမ္မာစင်တာဒုဥက္ကဌဦးအေါင်မြင့်ကယဉ်ကျေးလိမ္မာပြန့်ပွား
ရေးနှင့် ပတ်သက်၍ကလေးသူငယ်များနားလည်သဘောပေါက်စိတ်ဝင်းစားအောင်အသေးစိပ်ပြော
ကြားခဲ့ပြီးမြို့နယ်ယဉ်ကျေးလိမ္မာပြန့်ပွားရေးကော်မတီဥက္ကဌဦးတင်ရွှေက သင်တန်းဖွင့်
လှစ်ရခြင်းနှင့်စပ်လျဉ်း၍ဆွေးနွေးပို့ချ မှာကြားခဲ့သည်။
အဆိုပါသင်တန်းသို့ သန်းကုန်းကျေးရွာ ရှိမိဘပြည်သူတောင်သူဦးကြီးများများနှင့်ဆရာ/ ဆရာမ များက ဓမ္မကျောင်းတော်ဖြစ်မြောက်ရေးကော်မတီအဖွဲ့နှင့်ပူးပေါင်းဆောင်ရွက်ကာမိမိတို့မွေးဖွားပေးခဲ့
သောသားငယ်သမီးများ၏ရင်ထဲတွင် ( ဓမ္မ )တွေကိန်းဝပ်သွားစေရန်နှင့် တိုင်းပြည်ရဲ့ အနာဂါတ် ကို ပိုင်ဆိုင်ထားကြတဲ့လူငယ်မောင်မယ်တွေယဉ်ကျေးလိမ္မာပြီးစာရိတ္တမဏ္ဍိုင်မြင့်မားကာအမျိုးဘာသာ သာသနာကိုချစ်မြတ်နိုးတဲ့လူတော်လူကောင်းတွေပေါ်ထွန်းလာစေရန်အတွက် မိဘများ၏ တိုက်တွန်းမှုသည်သာအဓိကဖြစ်သည်။
အဆိုပါသင်တန်းကို မြို့နယ်အုပ်ချုပ်ရေးမှုးနှင့်မြို့နယ်ယဉ်ကျေးလိမ္မာပြန့်ပွားရေးကော်မတီ အဖွဲ့များကလိုအပ်သည့်ကူညီမှုများဖြင့်ပံ့ပိုးပေးခဲ့ကြောင်းသတင်းရရှိသည်။
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment