Monday, March 9, 2015
2:52 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
မြို့သစ် မတ်လ ၈
မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်ဆားတဲ ကျေးရွာ ၌ မြန်မာနိုင်ငံလုံးဆိုင်ရာဗုဒ္ဓ
ဘာသာယဉ်ကျေးလိမ္မာပြန့်ပွါးရေးအဖွဲ့ ဗုဒ္ဓဘာသာနည်ပြဆရာဖြစ်သင်တန်းအမှတ်စဉ်(၆)သင်တန်
ဆင်းပွဲကိုသာသနာတော်နှစ်(၂၅၅၈)ခုနှစ်ကောဇာသက္ကရာဇ်(၁၃၇၆)ခုနှစ်တပေါင်းလပြည့်ကျော်(၄) ရက်ခရာဇ်နှစ်(၂၀၁၅)ခုနှစ် မတ်လ (၈)ရက်နေ့တနင်္ဂနွေနေ့ ညနေ (၄)နာရီကအဆိုပါ ဆားတဲ
ကျေးရွာ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း ၌ကျင်းပပြုလုပ်ခဲ့သည် ။ သင်တန်းဆင်းပွဲအခမ်းအနားကိုနမောတဿ(၃)ကြိမ်ရွတ်ဆိုကန်တော့၍ဖွင့်လှစ်ပြီးသင်တန်းဖြစ်မြောက်ရေး အကျိုးတော်ဆောင်အဖွဲ့အတွင်းရေးမှူး ဆရာကြီး ဦးညီတင် မှ အဖွင့်အမှာစကား ပြောကြားခဲ့သည် ၊ ဆက်လက်၍မြန်မာနိုင်ငံလုံးဆိုင်ရာဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွါးရေးအဖွဲ့အတွင်းရေးမှူး(၃)ဓမ္မ
ရောင်ခြည်ဓမ္မဒါနဖောင်ဒေးရှင်းဥက္ကဌ ဆရာဦးလှမျိုးမှသင်တန်းဆင်း အမှာစကား ပြောကြားခဲ့သည် ။
ထို့နောက် ဆရာတော် ဦးဥတ္တမကဝမ်းမြောက်ကြောင်း သြဝါဒစကား ချီးမြင့်ခဲ့ ပြီး
သင်တန်းသားသင်တန်းသူများအားသင်တန်းဆင်းလက်မှတ်များပေးအပ်ရာ မြို့ နယ်ဗုဒ္ဓဘာသာယဉ်
ကျေးလိမ္မာပြန့်ပွါးရေး အဖွဲ့ ဥက္ကဌ ဦးတင်ရွှေ မှပေးအပ်သောသင်တန်းဆင်းလက်မှတ်ကို သင်တန်းသားတစ်ဦးဖြစ်သောဝလင်းဦးမှလည်ကောင်း မြို့နယ်ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာဖြန့်ပွ့ါးရေး
အဖွဲ့ ဒုဥက္ကဌဦးစိုးပိုင်မှပေးအပ်သောသင်တန်းဆင်းလက် မှတ်ကိုသင်တန်းသူတစ်ဦးဖြစ်သော
ဒေါ်ရွှေစင်ဝင်းတို့မှလည်းကောင်း သင်တန်းသား/သူများကိုယ်စားလက်ခံယူခဲ့ပြီး ဦးလှမြင့် မှ သင်တန်းသားသင်တန်းသူများကိုယ်စာကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီးဗုဒ္ဓဘာသာယဉ်ကျေး
လိမ္မာဖြန့်ပွါးရေးသင်တန်းအမှတ်စဉ်(၆)သင်တန်းဆင်းပွဲအခမ်းအနားကိုဗုဒ္ဓသာသနံစိရံတိဌတု(၃)ကြိမ်
ရွတ်ဆိုဘုရားကန်တော့၍ အောင်မြင်စွာပြီး မြောက်ကြောင်းသိရသည် ။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment