၂၀၁၅ ခုနှစ်၊ မတ်လ ၈ ရက်နေ့ ညနေ ၄ နာရီ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ အလယ်ချောင်း နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ရေပြာကျေးရွာ အရှေ့ဘက် (၁)မိုင်ခန့်အကွာ ကျေးရွာသုဿာန်အနီးရှိ ပိန္နဲပင် အောက်တွင် လူတစ်ဦး သေဆုံးနေကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
စစ်ဆေးချက်အရ သေဆုံးသူမှာ သရက်မြို့နယ်၊ ချင်းကုန်း ကျေးရွာမှ မင်းတုန်းမြို့နယ်၊ ရေပြာ ကျေးရွာ သို့ မြေအငှားတူးရန် ရောက်ရှိနေသူ ကိုမြသန်း(၄၀)နှစ် ဖြစ်ကြောင်း ၊၄င်းသည် အမြင့်ပေ(၂၅) ပေခန့်ရှိ ပိန္နဲပင်ပေါ်သို့ ပိန္နဲသီး တက်ခူးရာမှ ပြုတ်ကျ၍ ပက်လက် အနေအထားဖြင့် ပြင်ပဒဏ်ရာ မတွေ့ရှိ ဘဲ သေဆုံး နေသည်ကို တွေ့ရှိရကြောင်း သိရှိရပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် သိရှိနိုင်ရန် အတွက် မင်းတုန်းမြို့နယ်၊ အလယ်ချောင်း နယ်မြေရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၂/၂၀၁၅) ဖြင့် ရေး ဖွင့် ဆောင်ရွက်လျှက် ရှိကြောင်း သိရှိရပါသည်။


0 comments:
Post a Comment