၂၀၁၅ ခုနှစ်၊ မတ်လ ၈ ရက်နေ့ ညနေ (၆)နာရီ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ မြင်ကွန်းရဲကင်း စခန်းမှူး ဒုရဲအုပ် ညွှန့်ဝင်းသည် မှုခင်းကြိုတင်ကာကွယ်ရေး အတွက် ရှားဇောင်းကန် ကျေးရွာအုပ်စု၊ ၀က်တိုးကျေးရွာသို့ ရောက်ရှိနေစဉ် ၀က်တိုးကျေးရွာနေသူ သန်းမင်းလှိုင် (၂၃)နှစ် သည် အရိုး(၃)လက်မ၊ အသွား(၇) လက်မခန့်ရှိ ဓါးဦးချွန်အား ကိုင်ဆောင် လျှက် ရွယ်လယ်လမ်းမပေါ်တွင် ရမ်းကားနေသည်ကို တွေ့ရှိရသဖြင့် သန်းမင်းလှိုင် အား မကွေး မြို့နယ်၊ မိကျောင်းရဲ နယ်မြေရဲစခန်း (ပ)၁၁/၂၀၁၅၊ လက်နက်အက်ဥပဒေပုဒ်မ ၁၉(င) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။
Monday, March 9, 2015
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment