Tuesday, March 17, 2015

၂၀၁၅ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့ နံနက် (၁၁) နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ တုံးခေါင်းကျေးရွာတွင် မီးလောင်မှုဖြစ်ပွားကြောင်းသတင်းအရ စလင်းမြို့နယ် မီးသတ် ဦးစီးမှူးနှင့်အဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

စလင်းမြို့နယ်၊ တုံးခေါင်းကျေးရွာနေ စန်းနိုင်(၂၈)နှစ်သည် ယာခင်းအတွင်းထွက်သွားစဉ် နေအိမ်တွင် ကျန်ခဲ့သည့် သမီးများဖြစ်သော မစန်းစန်းငြိမ်း (၅)နှစ်၊ မသန်းသန်းငြိမ်း(၃)နှစ်နှင့် မအိအိငြိမ်း၊ (၁)နှစ် တို့သည် လူကြီးများမရှိခိုက် ဂက်စ်မီးခြစ်အား ဆော့ကစားရာမှ မီးခြစ်ပေါက်ကွဲပြီး မီးစတင် လောင်ကျွမ်း ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာသူ/သားများမှ ဝိုင်းဝန်းမီးငြိမ်း သတ်ကြ ခဲ့ရာ နေ့လည် (၁) နာရီအချိန် မီးလုံးဝငြိမ်းသွား၍ မီးလောင်မှုကြောင့် ၎င်းကျေးရွာရှိ သက္ကယ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း နေအိမ် ၇ လုံး၊ ထန်းရွက်မိုး၊ ထန်းရွက်ကာ ဝါးကြမ်းခင်းနေအိမ် ၁ လုံး၊ တိုင်ထူဆဲ (ထရံလိပ်ကာ) နေအိမ် ၁ လုံး၊ စုစုပေါင်း လူနေအိမ်(၉)လုံး၊ တန်ဖိုး ၁၉ဝဝဝဝိ/-ခန့် မီးလောင်ဆုံးရှုံး သွားခဲ့ပြီး အိမ်ထောင်စု ၉ စုမှ ကျား ၁၈ ဦး၊ မ ၂၅ ဦး၊ ပေါင်း ၄၃ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ကာ ကျေးရွာ ဘုန်းကြီးကျောင်းတွင် ယာယီနေရာချထားခဲ့ရကြောင်း သိရှိရသည်။

 မီးပေါ့ဆသူ စန်းနိုင်(၂၈)နှစ်အား အရေးယူပေးပါရန် ၁၆.၃.၂ဝ၁၅ ရက်နေ့တွင် မြို့နယ်မီးသတ် ဦးစီးမှူး ဦးဌေးမောင်မှ တရားလိုပြုလုပ်တိုင်တန်း၍ စလင်းမြို့နယ်၊ တညောင်နယ်မြေရဲစခန်း (ပ) ၁ဝ/၂ဝ၁၅ ၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့်အရေးယူမှု ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video