၂၀၁၅ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့ ညနေ (၆) နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင် မြို့နယ်၊ မြိုင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မြိုင်-ပခုက္ကူကားလမ်း မိုင်တိုင်အမှတ် ၁၇/၃နှင့် ၁၇/၄ အကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေး ခဲ့ကြောင်း သတင်းရရှိပါသည်။
ပခုက္ကူမှ မြိုင်ဘက်သို့ မြိုင်မြို့နယ်၊ ညောင်အုပ်ရွာနေ မျိုးဝင်း(၁၈)နှစ် မောင်းနှင်လာသော ၉ဌ/xxxx ၊ ဖောကားအပြာရောင် (၆)ဘီးယာဉ်နှင့် မြိုင်မြို့မှ ပခုက္ကူမြို့ဘက်သို့ ဂန့်ဂေါမြို့နယ်၊ စကားကျေး ရွာနေ ဇော်နိုင်လင်း (၂၉)နှစ် မောင်းနှင်လာသည့် 5D/xxxx ၊ ပါဂျဲရိုးမီးခိုးရောင်ယာဉ်တို့ မျက်နှာချင်းဆိုင် တိုက်မိပြီး မျိုးဝင်းမောင်းနှင်သော ယာဉ်ပေါ်တွင်လိုက်ပါလာသော မြိုင်မြို့နယ်၊ ညောင်အုပ်ရွာနေ ဦးဖိုးသန်း (၆၈)နှစ်ပါ ခရီးသည် ကျား(၃)ဦး၊ မ(၇)ဦးအနက် ကျား(၁)ဦး၊ မ(၃)ဦးတို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့ပြီး ပါဂျဲရိုးယာဉ်မောင်း ဇော်နိုင်လင်းတွင် ဝဲမျက်ခုံးပေါက်ပြဲဒဏ်ရာရရှိခဲ့ကြောင်း စစ်ဆေးသိရှိရသဖြင့် ယာဉ်အား မဆင်မခြင် မောင်းနှင်သူ မျိုးဝင်းနှင့် ဇော်နိုင်လင်းတို့အား မြိုင်မြို့နယ်၊ မြို့မရဲစခန်းယာဉ် (ပ) ၇/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၃၈/၃၃၇ အရ အမှုဖွင့်အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သတင်း ရရှိ ပါသည်။


0 comments:
Post a Comment