၂၀၁၅ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့ နေ့လည် (၁း ၄၅) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူ ခရိုင် ၊ ရေစကြိုမြို့နယ်၊ ပခန်းကြီးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ရေစကြို-ပခုက္ကူကားလမ်း မိုင်တိုင်အမှတ် ၇/၂ဝ နှင့် ၇/၂၁ အကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ သက်သေ များနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
ရေစကြိုမြို့မှပခုက္ကူမြို့သို့ ရေစကြိုမြို့နယ်၊ ရွှေချောင်းကျေးရွာနေ မကုဋေစီအောင်(၂၄)နှစ် မောင်းနှင် သော ၂၁ယ/xxx၊ MOITSA 110 နီနက်ကြားရောင်ဆိုင်ကယ်အား မန္တလေးမြို့မှ ပခုက္ကူမြို့သို့ မန္တလေး တိုင်းဒေသ ကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဃ)ရပ်ကွက်နေ ကျော်ကျော်စိုး(၄ဝ)နှစ်၊ မောင်းနှင် လာသည့် 8E/xxxx ၊ အဖြူရောင် လိုက်ထရပ်ယာဉ်မှ ကျော်တက်မောင်းနှင်စဉ် ဆိုင်ကယ်အား ပွတ်ချိတ်မိပြီး မကုဋေစီအောင်တွင် ဝဲလက်ကောက်ဝတ်ဖူးရောင်၊ ဝဲဒူးပေါက်ပြဲ၊ ဝဲတင်ပါးပွန်းပဲ့ဒဏ်ရာ များရရှိခဲ့သဖြင့် ယာဉ်အား မဆင်မခြင် မောင်းနှင်သူ ကျော်ကျော်စိုးအား ရေစကြိုမြို့နယ်၊ ပခန်းကြီး နယ်မြေရဲစခန်း ယာဉ် (ပ)၄/၂ဝ၁၅ ၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၃၈ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။


0 comments:
Post a Comment