Tuesday, March 17, 2015

၂၀၁၅ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့ နေ့လည် (၁၂) နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူ ခရိုင်၊ မြိုင်မြို့နယ်၊ သမင်ချောက်ရွာတွင် မီးဖိုတွင်ရေးနွေးတည်ရာမှ မီးလောင်ကျွမ်း၍ နေအိမ် ၁ လုံး မီးလောင် ဆုံးရှုံး ခဲ့ကြောင်း သတင်းရရှိပါသည်။

ဖြစ်စဉ်မှာ မြိုင်မြို့နယ်၊ သမင်ချောက်ရွာအနောက်ပိုင်းနေ ဒေါ်မြသီ (၆၅) နှစ်သည် နေအိမ်တဲအတွင်းရှိ မီးဖိုတွင်ရေးနွေးတည်ရာမှ မီးစတင်လောင်ကျွမ်းခဲ့ရာ ကျေးရွာသူ/သားများမှ ဝိုင်းဝန်းမီးငြိမ်းသတ် ခဲ့ သဖြင့် နေ့လည် (၁၂း၄၅) အချိန် မီးလုံးဝငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် ဒေါ်မြသီ၏ (၃)ပင် ပတ်လည်၊ ထန်းလက်မိုး/ ထန်းလက်ကာ၊ ဝါးကြမ်းခင်းတဲအိမ် (၁)လုံး၊ တန်ဖိုး ၃ဝဝဝိ/-ခန့် ဆုံးရှုံးခဲ့သည်။ 

မီးအားပေါ့ဆစွာအသုံးပြုသူ ဒေါ်မြသီအား အရေးယူပေးပါရန် ၁၆.၃.၂ဝ၁၅ ရက်နေ့တွင် သမင်ချောင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအေးလွင်(၄၃)နှစ်မှ တရားလိုပြုလုပ်တိုင်တန်း၍ မြိုင်မြို့နယ်၊ လင်းကတော နယ်မြေရဲစခန်း (ပ)၁ဝ/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၈၅ အရ အမှုရေးဖွင့် ဆောင်ရွက် လျှက်ရှိ ကြောင်း သတင်းရရှိပါသည်။ 



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video