၂ဝ၁၅ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့ ညနေ (၅) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ယာဉ်ထိန်းတပ်ဖွဲ့စိတ်မှ ရဲတပ်ဖွဲ့ဝင်များသည် ပခုက္ကူမြို့နယ်၊ ကံလှကျေးရွာအနီး၊ မိုင်တိုင်အမှတ် (၅/၆) တွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ကြောင်း၊
စစ်ဆေးချက်အရ ပခုက္ကူ-ပေါက် ကားလမ်းအတိုင်း ပခုက္ကူမှ ပေါက်ဘက်သို့ ပခုက္ကူမြို့နယ်၊ ဒယ်ပြား ကျေး ရွာနေသူ အောင်စိုး (၄၇)နှစ် မောင်းနှင်ပြီး နောက်တွင် သမီးဖြစ်သူအား တင်ဆောင် မောင်းနှင် လာသည့် R MIKKO-125အမျိုးအစား နက်/စိမ်းရောင်ကြား ဆိုင်ကယ်မှ လမ်းဖြတ်ကူးသူ ပခုက္ကူ မြို့နယ်၊ တင်းဂတ်ကျေးရွာနေ ဒေါ်သိန်းဆင့် (၆၈)နှစ်အား ၀င်ရောက်တိုက်မိသဖြင့် ဒေါ်သိန်းဆင့်တွင် ၀ဲ/ယာဒူး ပွန်းဒဏ်ရာ၊ ၀ဲရင်ဘတ်အောင့် နာကျင်ဒဏ်ရာ (စိုးရိမ်ရ)တို့ရရှိခဲ့သဖြင့် ဆိုင်ကယ်အား မဆင် မခြင် မောင်းနှင်သူ အောင်စိုးအား ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ)၄၅/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၃၈ အရ အမှုဖွင့်အရေးယူ ထားရှိကြောင်း သတင်းရရှိသည်။


0 comments:
Post a Comment