Tuesday, March 24, 2015

၂၀၁၅ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့ နေ့လည် ၁၂း၄၅ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် မြို့မရပ်ကွက်၊ မြစ်ရှောင်ကားလမ်းတွင် ယာဉ်တိုက်မှုဖြစ် ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း၊ 
စစ်ဆေးချက်အရ ဂန့်ဂေါမြို့၊ မြို့မရပ်ကွက်နေသူ ဦးအောင်မြင့်သည် ဇနီးဖြစ်သူ ဒေါ်နီဘူး (၅၀)နှစ် အား စက်ဘီးနောက်တွင် တင်ဆောင်၍ မြစ်ရှောင်လမ်း အတိုင်း အရှေ့မှ အနောက်သို့ စီးနင်းလာစဉ် ဂန့်ဂေါမြို့၊ တောင်ကုန်းရပ်ကွက်နေသူ ပြည့်စုံစိုး(ခ)အတာစိုး (၁၆)နှစ် မောင်းနှင်လျက် နောက်တွင် တစ်ရပ် ကွက်တည်းနေ ကောင်းမြတ်လင်း လိုက်ပါလာသော YAMAHA Click 125 နီ/နက် ကြား ဆိုင်ကယ်သည် ၄င်းလမ်းအတိုင်း မောင်းနှင်လာပြီး စက်ဘီးစီးအား နောက်မှဝင်ရောက် တိုက်မိသဖြင့် ဒေါ်နီဘူးတွင် ယာဘက် ဦးခေါင်း နောက်စေ့ ပေါက်ပြဲဒဏ်ရာ (၁)ချက် ရရှိခဲ့ကြောင်း သိရှိရပါသည်။
ဆိုင်ကယ်မဆင်မခြင် မောင်းနှင်သူ ပြည့်စုံစိုးအား ဂန့်ဂေါမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ)၉/၂၀၁၅ ပြစ်မှုပုဒ်မ ၃၃၈ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video