Tuesday, March 24, 2015

၂၀၁၅ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့ နံနက် (၇) နာရီအချိန် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ ထောက်ရှာပင် ရေနံမြေ၊ ရေနံလုံခြုံရေးတပ်ကြပ် ဦးခင်မောင်လင်း (၅၀)နှစ်နှင့်အဖွဲ့ သည် ထောက်ရှာပင်ရေနံမြေရှိ တပင်နယ်မြေအတွင်း ကင်းလှည့်စစ်ဆေးစဉ် အိတ်များထမ်းလာသော မသင်္ကာသူနှစ်ဦးအား တွေ့ရှိစစ်ဆေးရာ မင်းဘူးမြို့နယ်၊ ကျောက်တန်းကျေးရွာနေသူ ညိုချော(ခ) သန့်ဇင် (၃၃)နှစ် နှင့် တစ်ရွာတည်းနေ မလဲ့ရည်ဝင်း (၁၀)နှစ်တို့ ဖြစ်ကြောင်း သိရှိရပြီး ညိုချောထံမှ ပီနံအိတ်ဖြင့် ထုပ်ထားသော ရေနံစိမ်း (၄)ဂါလံခန့်ပါ (၁)အိတ်နှင့် မလဲ့ရည်ဝင်းထံမှ ပုဆိုးဖြင့် ထုပ်လျက် ရေနံစိမ်း (၂)ဂါလံခန့်ပါ (၁)အိတ်၊ စုစုပေါင်း ရေနံစိမ်းဂါလံ (၆)ဂါလံ ခန့်နှင့် ဆက်စပ်ပစ္စည်း များအား သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိပါသည်။ 
တားမြစ်ထားသော ရေနံမြေအတွင်း ၀င်ရောက်၍ ရေနံခိုးယူသူ ညိုချောနှင့် မလဲ့ရည်ဝင်း တို့အား အရေးယူပေးပါရန် ဦးခင်မောင်လင်းမှ တရားလိုပြုလုပ် တိုင်တန်း သဖြင့် မင်းဘူးမြို့နယ်၊ မြို့မရဲစခန်း (ပ)၃၅/၂၀၁၅၊ ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့် ရှောက်ရေး ဥပဒေပုဒ်မ ၆(၁) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video