Tuesday, March 24, 2015

၂၀၁၅ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့ နံနက် (၆) နာရီခွဲအချိန် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၊ မြို့သစ်ရပ်ကွက်နေသူ ဦးရဲဆွေ (၃၀)နှစ် သည် နေအိမ်တွင် မွေးထားသော ကြက်များအား အစာကျွေးရာ ကြက်ကောင်ရေ လျော့နေသဖြင့် ပတ်ဝန်းကျင်သို့ လိုက်လံရှာဖွေခဲ့ကြောင်း၊
နေအိမ်ရှေ့ လမ်းပေါ်တွင် သေဆုံးနေသည့် ကြက်ဖ (၂)ကောင်နှင့် ကြက်မ (၁)ကောင်တို့ အား တွေ့ရ သဖြင့် ကြည့်ရှုနေစဉ် အမည်မသိ အမျိုးသား(၃)ဦးသည် ဆိုင်ကယ်တစ်စီးဖြင့် မောင်းနှင်သွားပြီး နောက်ဆုံး မှ ထိုင်စီးသူ အမျိုးသားမှာ ကြက်သေ(၁)ကောင် ကိုင်ထားသည်ကိုတွေ့ရကြောင်း၊ 
မသင်္ကာသဖြင့် အိမ်နီးချင်းဖြစ်သူ စိုးသီဟနှင့်အတူ ဆိုင်ကယ်ဖြင့်လိုက်ရာ မြို့ရှောင်လမ်းတွင် မှီ၍ မေးမြန်း ရာ ကြက်များအား အစာတွင် ဆေးခတ်ကျွေးပြီး ယူဆောင်လာခဲ့ခြင်း ဖြစ်ကြောင်း၊ လျော်ကြေး ပေးမည်ဟု ၄င်းတို့ (၃)ဦးမှ ပြောဆိုနေစဉ် မြို့သစ်ရပ်ကွက်နေ ဦးတင်ဝင်း၊ ဦးဝင်းထွန်းတို့ ရောက်ရှိ လာကြပြီး မြို့သစ်ရပ်ကွက် ရာအိမ်မှူး ဦးတင်လှိုင်ထံသို့ ခေါ်ဆောင် မေးမြန်းရာ ၄င်းတို့(၃)ဦးမှာ ပခုက္ကူမြို့၊ အမှတ်(၁) ရပ်ကွက်နေသူ စိုးမင်းဦး(၃၃) နှစ်၊ အမှတ် (၄) ရပ်ကွက်နေသူ ၀င်းဇော်ထွေး (၃၇)နှစ် နှင့် အမှတ်(၃) ရပ်ကွက်နေသူ မင်းဇော်(၃၉)နှစ်တို့ ဖြစ်ကြောင်း သိရှိရသဖြင့် ကြက်များအား အဆိပ်ခတ် အစာကျွေး ၍ သေစေလောက်အောင် ပြုလုပ်ပြီး ယူဆောင်သွားသူ စိုးမင်းဦးပါ(၃)ဦးအား အရေးယူ ပေးပါရန် ဦးရဲဆွေ မှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်း (ပ) ၉၃/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၂၈ အရ အမှုဖွင့် အရေးဖွင့် ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video