၂၀၁၅ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့ နံနက် (၇) နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်၊ လဲဘူးကျေးရွာတွင် လူတစ်ဦး ကြိုးဆွဲချသေဆုံးကြောင်း သတင်းအရ စိုင်းကောင်း နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း၊
စစ်ဆေးချက်အရ သေဆုံးသူမှာ လဲဘူးကျေးရွာနေသူ ဦးကျော်မွှေး (၇၀)နှစ် ဖြစ်ကြောင်း၊
စစ်ဆေးချက်အရ သေဆုံးသူမှာ လဲဘူးကျေးရွာနေသူ ဦးကျော်မွှေး (၇၀)နှစ် ဖြစ်ကြောင်း၊
၎င်းသည် လဲဘူးကျေးရွာတောင်ဘက် (၄)ဖာလုံခန့်အကွာရှိ ယာခင်းသို့ သွားရာမှ ပြန်မလာသဖြင့် သားဖြစ်သူ စိုးနိုင်မှ သွားရောက်ရှာဖွေရာ ၄င်းယာခင်း အနောက်ဘက်ရှိ အောက်ခြေ လုံးပတ်(၂)ပေခန့် တမာပင် ၏ အမြင့်(၅)ပေ၊ (၉)လက်မ ခန့်ရှိ သစ်ကိုင်းတွင် အရှည်(၂)ပေခန့်ရှိ အစိမ်းရောင် ပလပ်စတစ် ကြိုး တစ်ချောင်း နှင့် အရှည် (၃)ပေ၊ (၆)လက်မခန့်၊ လုံးပတ် (၁)လက်မခန့်ရှိ ပလပ်စတစ်ကြိုး တို့အား ချည်နှောင်၍ ကွင်းလျှောလုပ်ကာ မြေပြင်နှင့်ထိနေပြီး ဒူးထောက်လျက်အနေအထားဖြင့် ပြင်ပဒဏ်ရာ တစ်စုံ တစ်ရာ မတွေ့ရှိဘဲ သေဆုံးနေသည်ကိုတွေ့ရှိရကြောင်း၊
ဦးကျော်မွှေးမှာ ကျန်းမာရေး မကောင်းသဖြင့် ဆေးကုသ စရိတ်ချေးယူထားသော ငွေအား ပေးဆပ်ရန် အတွက် ၄င်း၏ ယာခင်းကို ရောင်းချရန် နှမြောတသဖြစ်နေကြောင်း သိရှိရပါသည်။
ဦးကျော်မွှေးမှာ ကျန်းမာရေး မကောင်းသဖြင့် ဆေးကုသ စရိတ်ချေးယူထားသော ငွေအား ပေးဆပ်ရန် အတွက် ၄င်း၏ ယာခင်းကို ရောင်းချရန် နှမြောတသဖြစ်နေကြောင်း သိရှိရပါသည်။


0 comments:
Post a Comment