Monday, March 23, 2015

၂၀၁၅ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့ နံနက် (၁၁) နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါ ခရိုင်၊ ဂန့်ဂေါမြို့နယ်၊ စပယ်ကျေးရွာနေ ဦးဝင်းပို၊ (၄၆)နှစ်သည် မြစ်သာမြစ်ကမ်းစပ်တွင် ငါးမိုင်းခွဲရန် အတွက် ယမ်းပြင်ဆင်နေစဉ် ယမ်းပေါက်ကွဲ၍ သေဆုံးသွားကြောင်းသတင်းအရ မင်းရွာရဲကင်း စခန်းမှူးနှင့် အဖွဲ့သည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးကာ အလောင်းအား ရဲဆေးစာဖြင့် မင်းရွာတိုက်နယ်ဆေးရုံသို့ ပို့အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 ဖြစ်စဉ်အား စစ်ဆေးခဲ့ရာ ဝင်းပိုသည် အရက်အလွန်အကျွံသောက်သုံးသူဖြစ်ပြီး ၂၁.၃.၂ဝ၁၅ ရက်နေ့ ည (၇) နာရီခွဲအချိန်ခန့်၌ နေအိမ်တွင်အသင့်ရှိသော ဘယဆေးဆိုင်မှဝယ်ယူထားသည့် ကန့်မှုန့် (၁)ကျပ်သား၊ ယမ်းစိမ်း(၃)ကျပ်သား၊ ကြည်ဆူရိုးမီးရှို့ပြာချ(၁)ကျပ်သားတို့အား ပလပ်စတစ်အဖြူ (၃) လက်မ ပတ်လည် ခန့် အတွင်း ရောထည့်ကာ ဆာလာအိတ်ကြိုးဖြင့် သိုင်းစည်းပြီး ပလပ်စတစ်ထုပ်တွင် အပေါက်သေး တစ်ပေါက်ဖေါက်ကာ ထိုအပေါက်အတွင်း စက္ကူလိပ် (၁.၅)လက်မခန့်အား လိပ်၍ မီးခြစ် ဆံမှုန့် များခြွေထည့်ပြီးနောက် သစ်သားမီးခြစ် (ဆင်တံဆိပ်ဖြင့်) ဝဲလက်မှ ယမ်းထုပ်ကိုင်ကာ ယာဘက်လက်မှ မီးဖြင့်မီးရှို့ရာမှ ပေါက်ကွဲမှုဖြစ်ပြီး ဝင်းပိုတွင် ဝမ်းဗိုက်ပေါက်ပြဲ၊ အူထွက်သေဆုံး သွား ကြောင်း စစ်ဆေးတွေ့ရှိသဖြင့် ၎င်းသေဆုံးခြင်းမှာ ဓမ္မတာအတိုင်းဟုတ်/မဟုတ် စစ်ဆေးနိုင်ရန် အတွက် ဂန့်ဂေါမြို့နယ်၊ မြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ် ၇/၂ဝ၁၅ အရ အမှုရေးဖွင့် ဆောင်ရွက် လျှက် ရှိကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video