မြို့ သစ် မတ် ၂၁
မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်လေးတိုင်စင်ကျေးရွာ အုပ်စု ဂွေးတောကျေးရွာအနီး မိုင်တိုင် ( ၆၅ / ၃ ) အရောက် တွင်လမ်းတိုးချဲ့ ခြင်းလုပ်ငန်းဆောင်ရွက်နေသောလမ်းအလုပ်သမား
( ၃ ) ဦးအားကားဖြင့်တိုက်သွားကြောင်းသတင်း ရှိသည် ။
ဖြစ်စဉ်မှာ မကွေးတိုင်းဒေသကြီးမြို့သစ်မြို့နယ်မြို့မရဲစခန်း မှတာဝန်မှူး ဒုရဲအုပ်ဝင်းကျော် တာဝန်ဆောင်ရွက်နေစဉ် မြို့သစ်မြို့နယ် လေးတိုင်စင်ကျေးရွာအုပ်စုဂွေးတောကျေးရွာအနီးနေပြည်တော်
မြို့သစ်ကံပြားကားလမ်းပေါ်တွင်လမ်းပြင်နေသည့်အလုပ်သမား(၃)ဦးအားကားဖြင့်တိုက်ခံရသဖြင့်အသိ သက်သေလေးတိုင်စင် အုပ်စုအုပ်ချုပ်ရေးမှူး ဦးတင်စိုးနှင့် အတူ သွားရောက်စစ်ဆေးခဲ့ရာ မြို့သစ်မြို့
ဘက်မှ ကံပြားဘက်သို့ယာဉ်မောင်းမင်းသူ(၁၅)နှစ်(ဘ)ဦးကျော်သူ ရွှေကျင်ရပ်ပျဉ်းမနားနေသူမောင်းနှင် လာသောမော်တော်ယာဉ်အမှတ်၉င/၈၂၉၈ SUPRF နတ်ပြာ ယာဉ်မောင်းလိုင်စင်ရှိ ယာဉ်လိုင်စင်ရှိ (ပိုင်အေးရှား အော်တီတူးတိုင်တပ်ဆင်ရေး ကုမ္မဏီ ပိုင်ယာဉ်မှာနေပြည်တော်မြို့သစ် ကံပြားလမ်းအတိုင်း
မောင်းနှင်လာစဉ်မိုင်တိုင် ( ၆၅ / ၃)အရောက်လမ်းအကွေ့တွင်ကားလမ်းတိုးချဲ့ရာတွင်အလုပ်လုပ်နေ
သော လုပ်သားဦကျော်ဝင်း၏သားဌေးမင်(၁၅)နှစ်သီးပင်ကျေးရွာဦးဇော်ဝင်း၏သားကျော်မင်းထွန်း(၁၅)နှစ်
သီးပင်ကျေးရွာ ဦးအောင်မြင့်၏သားမျိုးကို (၁၅) နှစ်သီးပင်ကျေးရွာနေသူ (၃)ဦးတို့အား အနောက်မှ အရှိန်မထိန်းနိုင်ဘဲဝင်ရောက်တိုက်မိသဖြင့်ဌေးမင်းတွင်ဝဲနားထင်ပေါက်ပြဲဒဏ်ယာ။ မေးစေ့ယာလက်မောင်း
ယာပေါင်ယာ ခြေဖမိုးပေါက်ပြဲဒဏ်ယာ(မစိုးရိမ်ရ) ကျော်ဝင်းထွန်းတွင်ဝဲယာခြေသလုံးဖူးရောင်ဒဏ်ယာ
(စိုးရိမ်ရ) မျိုးကိုတွင် ရင်ဘက် အောင့်ဒဏ်ယာ(မစိုးရိမ်ရ)ဒဏ်ယာအသီးသီးရရှိခဲ့သဖြင့် ဒဏ်ယာ ရှိသူ (၃)အား မြို့သစ် ဆေးရုံသို့ တင်ပို့စဉ်ဌေးမင်းမှာရရှိထားသောဒဏ်ယာဖြင့်ညနေ(၅)နာရီ အချိန်တွင်သေဆုံး သွားခဲ့ပြီး ကျော်ဝင်းထွန်းအားနေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံသို့ လွျှဲပြာင်းပို့ဆောင်ပေး ခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ယာဉ်အားမဆင်မခြင်မောင်းနှင်ပြီးလူများအားဝင်ရောက်တိုက်ခိုက်သူအပေါ်ဥပဒေ
အရအရေးယူပေးပါရန်တာဝန်မှူးဒုရဲအုပ် ဝင်းကျော် မှ မတ်လ ၂၁ ရက်နေ့ညနေ(၆)နာရီအချိန် ကတရားလို ပြုလုပ်တိုင်ကြားသဖြင့်မြို့သစ်မြို့မရဲစခန်းမှ ယာဉ်'(ပ)၁၀/၁၅ ပြစ်မှုပုဒ်မ ၃၀၄ -က/ ၃၃၇/၃၃၈ အရ အမှုဖွင့် ဆောင်ရွက်ခဲ့ပြီး အမှုစစ်ဒုရဲအုပ်ဝင်းကျော်မှစစ်ဆေးဆောင်ရွက်လျှက် ရှိကြောင်းသတင်းရှိသည် ။
သန်းဝင်းထွန်း( မြို့သစ် )
Monday, March 23, 2015
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment