Monday, March 23, 2015

၂၀၁၅ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့ နေ့လည် (၁) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင် မြို့နယ်၊ မြိုင်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေသတင်းစုံစမ်းစဉ် မြိုင်မြို့နယ်၊ အလယ်ကန်ကျေးရွာ အနီးအရောက်၌ ပုသိမ်-မုံရွာကားလမ်းအတိုင်း ခြေလျှင်လျှောက် လာသူတစ်ဦးအား မသင်္ကာသဖြင့်မေးမြန်းခဲ့ကြောင်း သတင်းရရှိပါသည်။ 

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ၂၉/၈ဝ-၈၁လမ်းကြားနေ ဟိန်းထက်အောင်(၂၂) နှစ် ၊ ဖြစ်ပြီး၎င်းနှင့်အတူပါရှိသည့် ဝ၉-xxxx နှင့် ဝ၉-xxxxx ဆင်းကဒ်ပါ SAMSUNG GALAXY အမျိုးအစား လက်ကိုင်ဖုန်းနှင့် ပတ်သက်၍မေးမြန်းရာ ၎င်းပိုင်ဆိုင်ကြောင်း ယုံကြည်လောက်အောင် ပြောဆို နိုင်ခြင်း မရှိသဖြင့် တစ်နေရာရာမှခိုးယူလာသည်ဟုမသင်္ကာ၍ ဟိန်းထက်အောင်အား မြိုင်မြို့နယ်၊ မြို့မရဲစခန်း (ပ)၂ဝ/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၇၉/ကျင့် ၅၄အရ အမှုဖွင့် အရေးဖွင့် ဆောင်ရွက် လျှက် ရှိကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video