Monday, March 23, 2015

၂၀၁၅ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့ ည (၁၀) နာရီခွဲအချိန်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် ၊ တောင် တွင်းကြီးမြို့နယ်၊ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် လှည့်ကင်း တာဝန်ဆောင်ရွက်နေစဉ် ရွှေကြာ အင်း (၂) ရပ်ကွက်အတွင်း ဆိုင်ကယ်တစ်စီးအား လိုက်လံရောင်းချနေကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

 တောင်တွင်းကြီးမြို့၊ ရွှေကြာအင်း(၂)ရပ်ကွက်၊ မကွေး-တောင်တွင်းကြီးကားလမ်းမပေါ်တွင် ဆင်ပေါင်ဝဲ မြို့နယ်၊ ချောင်းကောက်ကျေးရွာနေ တေဇ(၂၃)နှစ်၊ မင်းလှမြို့နယ်၊ ထန်းကိုင်းရွာနေ ချမ်းလင်း(၁၉)နှစ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ သရဖီလမ်းနေ ကျော်လွင်သက် (၁၈)နှစ် တို့(၃)ဦးအား နံပါတ်မပါ ထိုင်းနိုင်ငံလုပ် ဟွန်ဒါဝေ့ဖ် ၁၁ဝ တန်ဖိုး ၇ဝဝဝဝဝိ/-ခန့်ရှိ အဖြူရောင်ဆိုင်ကယ်ဖြင့် မသင်္ကာ ဖွယ်တွေ့ရှိရ၍စစ်မေးရာ ဆိုင်ကယ်နှင့်ပတ်သက်၍ ၎င်းတို့ ပိုင်ဆိုင် ကြောင်း အထောက်အထား တစ်စုံ တစ်ရာ ပြောဆိုပြသနိုင်ခြင်းမရှိသဖြင့် အဆောက်အဦတစ်ခုခု အတွင်းမှ ခိုးယူလာသည်ဟု မသင်္ကာ ၍ တေဇပါ(၃)ဦးအား တောင်တွင်းကြီးမြို့နယ်၊ မြို့မရဲစခန်း (ပ)၇၈/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၈ဝ/ကျင့် ၅၄ အရ အမှုဖွင့် အရေးဖွင့် ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video