Monday, March 23, 2015

၂၀၁၅ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့ ညနေ (၃) နာရီခွဲအချိန် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး မြို့နယ်၊ စကုနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် မင်းဘူး-ပဒါန်းကားလမ်း၊ မိုင်တိုင်အမှတ် ၂၃/၃ အနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ကြောင်း သတင်း ရရှိပါသည်။

 ဖြစ်စဉ်မှာ မင်းဘူးမြို့မှ ပဒါန်းဘက်သို့ ကျောက်ပန်းတောင်းမြို့၊ သံပဝတီရပ်ကွက်နေ မင်းမင်း(၃၃)နှစ် ၊ မောင်းနှင်သည့် ၃က/xxxx (၂၂)ဘီး ခဲရောင်ယာဉ်နှင့် ပဒါန်းဘက်မှ မင်းဘူးမြို့သို့ ရန်ကုန် တိုင်း ဒေသကြီး၊ ကြည်မြင်တိုင်ရဲစခန်းဝန်းနေ အောင်နိုင်ထူး(၄၉)နှစ် မောင်းနှင်သော 8F/xxxx လိုက်ထရပ် အဖြူရောင်ယာဉ်တို့ မျက်နှာချင်းဆိုင်ရှောင်တိမ်းစဉ်ပွတ်တိုက်မိပြီး လိုက်ထရပ် ယာဉ်ပေါ်ပါယာဉ်မောင်း အောင်နိုင်ထူးအပါအဝင် ဘုရားဖူးခရီးသည် ကြည်မြင်တိုင်ရဲစခန်းဝန်းနေ မခင်မေစီ(၂၈) နှစ်ပါ ခရီးသည် ကျား ၃ ဦး၊ မ ၄ ဦးတို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် ယာဉ်အား မဆင်မခြင် မောင်းနှင်သူ မင်းမင်းနှင့် အောင်နိုင်ထူးတို့အား မင်းဘူးမြို့နယ်၊ စကုနယ်မြေရဲစခန်း ယာဉ်(ပ) ၈/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၃၈/၃၃၇အရ အမှုဖွင့် အရေးဖွင့် ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video