၂ဝ၁၅ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့ ည (၉) နာရီခွဲအချိန် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက် မြို့နယ်၊ အိုင်းမကျေးရွာအနီးတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ လက်ပံတိုရဲကင်း စခန်းမှူးနှင့် အဖွဲ့သည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
ဖြစ်စဉ်အား စစ်ဆေးရာ ပခုက္ကူဘက်မှ အိုင်းမကျေးရွာသို့ ပေါက်မြို့နယ်၊ ဝန်တင်ရွာနေ ကျော်စိုးမိုး (၂၆)နှစ် မောင်းနှင်သည့် ဆ/xxx အစိမ်းရောင် ဂျီအမ်စီ(၆)ဘီးယာဉ်မှာ အိုင်းမကျေးရွာအနီး အရောက်၌ ဘရိတ်ပေါက်ပြီး လမ်းယာဘက်ရှိ ကုန်းကမူအား ဝင်ရောက်တိုက်မိပြီး ယာဉ် တိမ်းမှောက်ကာ ယာဉ်ပေါ်ပါ ခရီးသည် (၁၁)ဦးအနက် ပေါက်မြို့နယ်၊ အိုင်းမကျေးရွာနေ ဦးလူတင် (၇ဝ) နှစ်တွင် ယာပုခုံးညိုမဲ၊ ဝဲရင်အုံအတွင်းသို့ ကျွံဝင်ဒဏ်ရာ(သေဆုံး)၊ ပေါက်မြို့နယ်၊ မန်ကျည်းကုန်း တောတိုက်ကျောင်းမှ ဦးပဏ္ဍိတ (ကိုရင်ကြီး)၊ သက်တော် ၆၇နှစ်တွင် ဝဲနားထင်ပေါက်ပြဲ၊ ယာဘက် ခြေသလုံးကျိုး ဒဏ်ရာများ ရရှိ သေဆုံး သွားပြီး ကျန်ခရီးသည် ကျား(၃)ဦး၊ မ(၆)ဦးတို့တွင် ဒဏ်ရာ အသီးသီးရရှိခဲ့သဖြင့် ယာဉ်အား မဆင်မခြင်မောင်းနှင်သူ ကျော်စိုးမိုးအား ပေါက်မြို့နယ်၊ ရေပြာ နယ်မြေရဲစခန်း ယာဉ်(ပ)၆/၂ဝ၁၅ ၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃ဝ၄-က/၃၃၈/၃၃၇ အရ အမှုဖွင့်အရေးယူ ထားရှိကြောင်း သတင်းရရှိသည်။


0 comments:
Post a Comment