၂၀၁၅ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့ နံနက် (၂) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ မန်းရေနံမြေလုံခြုံရေးတပ်သား မြင့်တိုး (၄၇)နှစ်သည် သက်သေများနှင့်အတူ မန်းရေနံမြေ၊ တွင်းအမှတ် (၃၂၈) နယ်မြေအတွင်း ကင်းလှည့်စစ်ဆေးစဉ် အိတ်များထမ်းလာသော မသင်္ကာဖွယ် လူ(၃)ဦးအားတွေ့ရှိရ၍ ရပ်တန့်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
ပွင့်ဖြူမြို့နယ်၊ ပေါက်စုကျေးရွာနေ အောင်မြင့်စိန်(၄၅)နှစ်၊ ထွန်းမှီ(ခ) ထွန်းလင်းအောင်၊ ၅၄နှစ်နှင့် ပွင့်ဖြူမြို့နယ်၊ မရိုးကုန်းကျေးရွာနေ အောင်ကြီး (ခ) မြင့်အောင်၊ ၄၄နှစ်တို့ ဖြစ်ကြောင်းသိရှိရပြီး ၎င်း တို့ထံမှ ဆာလာအိတ်ဖြင့်ထုတ်ထားသည့် ရေနံစိမ်း(၇) ဂါလံ ခန့်ပါ (၆)အိတ်၊ စုစုပေါင်းရေနံစိမ်း (၄၂) ဂါလံ၊ တစ်ဂါလံ ၂၅၈ိ/-နှုန်းဖြင့်၊ စုစုပေါင်း တန်ဖိုး ၁ဝ၈၃၆ိ/-ခန့်အား သိမ်းဆည်းရမိသဖြင့် ရေနံ ခိုးယူ သူ အောင်မြင့်စိန်ပါ (၃)ဦးအား မင်းဘူးမြို့နယ်၊ မြို့မရဲစခန်း(ပ)၃၄/၂ဝ၁၅၊ ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေးဥပဒေပုဒ်မ ၆(၁) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။


0 comments:
Post a Comment