Monday, March 23, 2015

၂၀၁၅ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့ နံနက် (၈) နာရီအချိန် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှ မြိုနယ်၊ ရေနံမနယ်မြေရဲစခန်းမှ ရဲအုပ် ရွှေဝင်းမောင်သည် ငနောင်မုန်းရေနံမှော်အတွင်း မူးယစ် ဆေးဝါးရောင်းချနေကြောင်းသတင်းအရ မကွေးတိုင်းဒေသကြီး မူးယစ်တပ်စု(၁၅)မှ ခေတ္တတပ်စုမှူး ဒုရဲမှူး ညွန့်ဝင်းနှင့်အဖွဲ့တို့သည် သက်သေများနှင့်အတူ မင်းလှမြို့၊ ငနောင်မုန်းရေနံမှော်မှ ဂျိုင်းစော် လုပ်ငန်းလုပ်ကိုင်သူ သက်ထွန်းအောင် (ခ)ပေါက်ကျော်၊ ၂၆နှစ်၊ ညိုလင်း(ခ)အဲထူးဝေ၊ ၃၄နှစ်တို့ ၂ဦး ၏တဲသို့ မင်းလှမြို့နယ်ရဲတပ်ဖွဲ့မှူး၏ မူးယစ်ဆေးဝါးဖမ်းဝရမ်းအမှတ်(၄/၂ဝ၁၅)ဖြင့် ဝင်ရောက် ရှာဖွေ ဖမ်းဆီးရာ သက်ထွန်းအောင်(ခ) ပေါက်ကျော်၊ ညိုလင်း(ခ)အဲထူးဝေနှင့် ထန်းကိုင်းရေနံမှော်နေ စိုင်းထွန်းလင်း (ခ)ရှမ်းလေး၊ ၃ဝ နှစ်တို့ ၃ ဦးအား ဘိန်းဖြူအလေးချိန် (ဝ.၈၅ဂရမ်) တန်ဘိုး (၆ဝဝဝဝိ/-) တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ၄င်းမူးယစ်ဆေးဝါးများအား ထန်းကိုင်းရေနံမှော်နေ သန်းနိုင်ဦး (၃၉)နှစ် ထံမှ ဝယ်ယူထားခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် သန်းထွန်းအောင် (ခ) ပေါက်ကျော်ပါ(၄)ဦးအား မင်းလှမြို့နယ်၊ ရေနံမနယ်မြေရဲစခန်း (ပ)၂/၂ဝ၁၅၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါး များဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၆/(ဂ)/၂၁ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

 ဆက်လက်၍ မူးယစ်တပ်စု(၁၅)မှ ခေတ္တတပ်စုမှူး ဒုရဲမှူး ညွန့်ဝင်းနှင့်အဖွဲ့သည် သက်သေများ နှင့် အတူ ရေနံမနယ်မြေရဲစခန်း မယ(ပ)၂/၂ဝ၁၅၊ မူး/စိတ် ၁၅/၁၆(ဂ)/၂၁ အမှုမှတရားခံ ငနောင်မုန်း ၊ ရေနံမှော်နေ သက်ထွန်းအောင်(ခ)ပေါက်ကျော်၊ ၂၆နှစ်ပါ ၃ ဦးတို့၏ ထွက်ဆိုချက်များအရ မင်းလှ မြို့နယ်ရဲတပ်ဖွဲ့မှူး၏ မူးယစ်ဆေးဝါးဖမ်းဝရမ်းအမှတ်(၅/၂ဝ၁၅) ဖြင့် ထန်းကိုင်းရေနံမှော်ရှိ သန်းနိုင်ဦး (၃၉)နှစ်၏ နေအိမ်အား ဝင်ရောက်ရှာဖွေဖမ်းဆီးရာ သန်းနိုင်ဦးနှင့် ၎င်း၏ဇနီး မနုယဉ်အေး (၃ဝ)နှစ် တို့နှင့်အတူ မူးယစ်ဆေးဝါးသုံးစွဲရန်ရောက်ရှိနေသူ ဇော်လင်း(၃၈)နှစ်တို့အား တွေ့ရှိရပြီး ၄င်း၏ ၊ နေအိမ်ခေါင်မိုးကြားတွင် ကြွပ်ကြွပ်အိတ်ဖြင့် ထည့်ထားသည့် ဘိန်းဖြူ(၂၂.၇ဝ ဂရမ်) တန်ဘိုး (၁၈ဝ၆ဝဝဝိ/-) နှင့် 881 စာတမ်းပါ စိတ်ကြွဆေးပြား(၄ဝ)ပြား တန်ဘိုး (၂ဝဝဝဝဝိ/-)တို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့် သန်းနိုင်ဦးပါ(၄)ဦးအား မင်းလှမြို့နယ်၊ မြို့မရဲစခန်း မယ(ပ)၂/၂ဝ၁၅၊ မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉(က)/၂၁ အရ အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။







0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video