မကွေး မတ် ၂၂
စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်မှန်းပြီး မကွေးတိုင်းဒေသကြီး စာကြည့်တိုက်များ ၀န်ဆောင်မှုလုပ်ငန်းများ မြှင့်တင်ရေးအလုပ်ရုံဆွေးနွေးပွဲကို မကွေးမြို့ မကွေးပညာရေးကောလိပ် အားကစားရုံ ခန်းမတွင် ယနေ့နံနက်(၈း၃၀)က ပြုလုပ်သည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးအောင်ကျော်မင်းကအခု အလုပ်ရုံဆွေးနွေးပွဲကိုတက်ရောက်လာသည့် စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေး အတွက် တွေ့ကြုံနေရ သည့် စာကြည့်တိုက်ပိုင်းဆိုင်ရာတာဝန်ယူများအနေနဲ့ အခက်အခဲများကို စိန်ခေါ်မှုတွေ ကို ကျော်လွှား နိုင်မယ့် နည်းလမ်းတွေ၊ ခေတ်နှင့်အညီဖြည့်ဆည်းဆောင်ရွက်ရ မည့်လုပ်ငန်းများကို ၀န်ဆောင်မှုမြှင့်တင်ပေး ရမယ့် အပိုင်းများကို ဆွေးနွေးပြီး စာကြည့်တိုက်များဖွံ့ဖြိုးတိုး တက်အောင်ဆောင်ရွက်ကြပါရန် ပြောကြားခဲ့ပါသည်။ ဆက်လက် ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ (ရုံးချုပ်) ပြန်/ဆက်ဌာနခွဲ ညွှန်ကြားရေးမှူး ဦးအောင်ငွေက အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် တိုင်းဒေသကြီး အလိုက် စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းများမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်ပြီးစီးမှုများအား ရှင်းလင်းပြောကြားပါသည်။
ယင်းနောက် မကွေးတိုင်းဒေသကြီးအတွင်းမှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၀န်ထမ်းများ စံညီစာကြည့်တိုက်များမှ စာကြည့်တိုက်မှူးများ၊ မကွေးပညာရေးကောလိပ်မှ ဆရာများစုစုပေါင်း (၁၀၀)ဦးအား အဖွဲ့(၃)ဖွဲ့ခွဲ၍ စာကြည့်တိုက်များ၏ လိုအပ်ချက်၊ ထပ်မံဖြည့်ဆည်းဆောင်ရွက်သင့် သည်များ၊ စာဖတ်ပရိသတ်များအားမည်သို့ဝန်ဆောင်မှုပေးသင့်သည်များကို အဖွဲ့အလိုက်ဆွေးနွေးကြပါ သည်။ စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းများမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ မြန်မာနိုင်ငံစာကြည့်တိုက် အသင်း၊ မြန်မာနိုင်ငံစာကြည့်တိုက် များ ဖောင်ဒေးရှင်းတို့မှ ပူးပေါင်း ဆောင်ရွက်ပြီး မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း၊ အမျိုးသား ယဉ်ကျေးမှုနှင့်နည်းပညာတက္ကသိုလ်မှ စာကြည့်တိုက်ရေးရာပညာရှင်များမှ လာရောက်ဆွေးနွေးပို့ချပေး ခဲ့ပါသည်။
စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းများမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကို မတ်လ(၂၂)ရက်နေ့မှ (၂၃)ရက်နေ့ထိ (၂)ရက်ကြာပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။





0 comments:
Post a Comment