Sunday, March 22, 2015

၂ဝ၁၅ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့ နေ့လယ် ၂ နာရီ ၁၅ အချိန်၊ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန်ဂါမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ရှုံးရှီကျေးရွာအုပ်ချုပ်ရေးမှူးမှ ၄င်း၏ကျေးရွာအနီး မြစ်သာမြစ် ရေချိုး ဆိပ်တွင် လူတစ်ဦးရေနစ် သေဆုံးနေကြောင်း အကြောင်းကြားသဖြင့် သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ကြောင်း၊ 
စစ်ဆေးချက်အရ သေဆုံးသူမှာ ရှုံးရှီကျေးရွာနေသူ ကိုနေလွင်(၂၉)နှစ် ဖြစ်ပြီး ၄င်းသည် အရက် အလွန် အကျွံ သောက်သူဖြစ်ကြောင်း၊ 
အရက်ကြောင်ကြောင်၍ နေအိမ်မှထွက်သွားရာမှ ပြန်မလာ သဖြင့် ဖခင်ဖြစ်သူ ဦးဝင်းငွေမှ လိုက်လံရှာဖွေ စဉ် မြစ်သာမြစ် ရေချိုးဆိပ် လူကူးဝါးတံတား၏ အောက်ဘက်(၁၅)ပေခန့်၊ အနောက် ဘက် မြစ်ကမ်းစပ်နှင့် (၇)ပေခန့်အကွာ၊ ရေအနက်(၆)ပေခန့်တွင် ရေနစ် သေဆုံးနေကြောင်း သိရှိရသဖြင့် ၄င်းသေဆုံးခြင်းမှာ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန်အတွက် ဂန့်ဂေါမြို့နယ်၊ မြို့မရဲစခန်း သေမှုသေ ခင်း အမှတ်စဉ် (၆/၂၀၁၅)ဖြင့် ရေးဖွင့် ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video