Sunday, March 22, 2015

၂၀၁၅ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့ ညနေ ၃ နာရီခွဲ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေး ခရိုင်၊ တောင်တွင်းကြီးမြို့မရဲစခန်းမှူး ဒုရဲမှူး အောင်ချိုဦးနှင့်အဖွဲ့သည် တောင်တွင်းကြီးမြို့ပေါ်၌ လူငယ် (၂)ဦး ဖုန်းဟမ်းဆက်များ လိုက်လံရောင်းချနေကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်ခဲ့ ရာ ရွှေအိုး(၂)ရပ်ကွက်၊ မြင့်မိုရ်လက်ဖက်ရည်ဆိုင်တွင် တောင်တွင်းကြီး မြို့နယ်၊ ပန်းတောကြီး ရွာနေသူ အောင်နိုင်ဦး (၁၈)နှစ်နှင့် ၄င်း၏ အစ်ကိုဖြစ်သူ ၀င်းနိုင်ဦး(၂၃) တို့အား ဖုန်းအရောင်း အ၀ယ် ပြုလုပ်ရန် စောင့်ဆိုင်းနေစဉ် တွေ့ရှိစစ်ဆေးရှာဖွေရာ ၄င်းတို့ထံမှ ဟန်းဆက်မျိုးစုံ (၁၆)လုံး အား တွေ့ရှိ၍ ဟန်းဆက်များအား ၄င်းတို့ပိုင်ဆိုင်ကြောင်း ခိုင်လုံသော အထောက်အထား ပြောပြနိုင်ခြင်း မရှိသဖြင့် သိမ်းဆည်းခဲ့ကြောင်း၊ 
၎င်းတို့ (၂)ဦးနေထိုင်ရာ နေအိမ်သို့ ဆက်လက် ၀င်ရောက်ရှာဖွေခဲ့ရာ ပီနံအိတ်ဖြင့် ထည့်လျှက် ဟန်းဆက်မျိုးစုံ(၁၈)လုံး၊ သံသေတ္တာ အတွင်းမှ ဟန်းဆက်မျိုးစုံ(၅၃)လုံး၊ စုစုပေါင်း ဟန်းဆက်မျိုးစုံ (၈၇)လုံး(တန်ဘိုး ၄၃၅၁၀၀၀ိ/-ခန့်)တို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါသည်။ 
အဆိုပါ ဟန်းဆက်များအား တစ်နေရာမှ ခိုးယူလာသည်ဟု မသင်္ကာသဖြင့် အောင်နိုင်ဦးနှင့် ၀င်းနိုင်ဦး တို့အား တောင်တွင်းကြီးမြို့နယ်၊ မြို့မရဲစခန်း (ပ) ၇၇/၂၀၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၈၀/၅၄ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video