Saturday, March 7, 2015

၂၀၁၅ ခုနှစ်၊ မတ်လ ၆ ရက်နေ့ နံနက် (၀၀း၂၀) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့၊ ဈေးရပ်ကွက်နေသူ ဒေါ်ဝေေ၀မြင့် (၅၃)နှစ်နှင့် ဒေါ်ဆွေဆွေတို့ နှစ်ဦးသည် ၄င်းတို့၏ နေ အိမ် အောက်ထပ်၌ အိပ်ပျော်နေစဉ် အိမ်မြောက်ဘက် ခြံချင်းကပ်လျက်ရှိ နေအိမ်ဘက်မှ ဦးဌေးလွင် (၅၃)နှစ်မှ ၄င်း၏သားဖြစ်သူ အောင်ကျော်ဇံ (၂၈)နှစ်အား ဒေါ်ဝေေ၀မြင့်တို့ နေအိမ်တွင် လူ(၂)ယောက် ၀င်နေကြောင်း စကားပြောဆိုနေသည့် အသံကြားသဖြင့် ဒေါ်ဝေေ၀မြင့် တို့သည် အိပ်ရာမှ နိုးလာ ခဲ့ကြောင်း၊
လျှပ်စစ်မီး ဖွင့်ကြည့်ရာ နေအိမ်အောက်ထပ်၌ တစ်ရပ်ကွက် တည်းနေ မောင်ပြုံးရာဇာ (၁၈)နှစ်အား တွေ့ရှိ ရသဖြင့် ဒေါ်ဝေေ၀မြင့်မှ `သူခိုး သူခိုး´ ဟုအော်ဟစ်ရာ ပြုံးရာဇာမှာ ခြံစည်းရိုးအား ကျော်တက်၍ ထွက်ပြေး သွားခဲ့ကြောင်း၊
တစ်ချိန်တည်းတွင် လယ်ပြင်ရပ်ကွက်နေသူ ထက်ကို (၁၉)နှစ် မှာ နေအိမ်မြောက်ဘက် ခြံစည်းရိုး အုတ်တံတိုင်းအား ကျော်တက်ကာ ထွက်ပြေးသွားသည်ကို မြင်လိုက်ရကြောင်း ဦးဌေးလွင်မှ ပြောပြ သိရှိရကြောင်း၊
ညဉ့်အချိန် နေအိမ်အတွင်း ပုန်းလျှိုးဝင်ရောက်သူ ပြုံးရာဇာနှင့် ထက်ကိုတို့ နှစ်ဦးအား အရေးယူ ပေးပါရန် ၆.၃.၂၀၁၅ ရက်နေ့ ၀၄း၃၅ နာရီအချိန် ဒေါ်ဝေေ၀မြင့်မှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် မြို့သစ်မြို့နယ်၊ မြို့မရဲစခန်း (ပ)၂၀/၂၀၁၅၊ ပြစ်မှုပုဒ်မ ၄၅၆ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video