Saturday, March 7, 2015

၂၀၁၅ ခုနှစ်၊ မတ်လ ၆ ရက်နေ့ နံနက် (၉) နာရီခွဲ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ ပွင့်ဖြူမြို့၊ အရှေ့ပိုင်း ရပ်ကွက်၊ ဒေါနလမ်းနေသူ မသီတာငြိမ်း(၃၄)နှစ်၏ (၂)ပင်ပတ်လည်၊ မြေစိုက်၊ သွပ်မိုး၊ ထရံကာ မီးဖိုဆောင်ရှိ တောင်ဘက်တွင် ကာရံထားသော ၀ါးထရံ(၂)ပေပတ်လည်ခန့်နှင့် လက်တစ်ပွေ့ခန့် ထင်းခြောက်ပုံ တို့အား မီးဖို မီးကျွင်းမီးကျန်မှတစ်ဆင့် မီးကူးစက် လောင်ကျွမ်းပြီး တန်ဖိုး ၅၀၀ိ/-ဆုံးရှုံးခဲ့ကြောင်း စစ်ဆေးတွေ့ရှိရကြောင်း သတင်းရရှိပါသည်။ 
မီးပေါ့ဆစွာ အသုံးပြုသူ မသီတာငြိမ်းအား ပွင့်ဖြူမြို့နယ်၊ မြို့မရဲစခန်း (ပ)၄၂/၂၀၁၅၊ ပြစ်မှုပုဒ်မ ၂၈၅ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video