Saturday, March 7, 2015

၂၀၁၅ ခုနှစ်၊ မတ်လ ၆ ရက်နေ့ နေ့လယ် (၀၂း၀၅) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ အနောက်ပိုင်း ရပ်ကွက်နေသူ ဦးငွေထွေး (၅၀)နှစ် သည် ဆေးလိပ်သောက်ပြီး မီးမငြိမ်းဘဲစွန့်ပစ်ရာ ဆေးလိပ်မီးမှတစ်ဆင့် (၃)ပင် ပတ်လည်၊ (၅)ပေ အကျယ်၊ မြေစိုက်၊ သက္ကယ်မိုး၊ ၀ါးထရံကာ နေအိမ်ခေါင်းရင်းရှိ ၀ါးထရံ(၄)လက်မ ပတ်လည်အား မီးကူးစက်လောင်ကျွမ်းခဲ့ရာ (တန်ဖိုး ၁၀၀၀ိ/-)ခန့် မီးလောင်ဆုံးရှုံး ခဲ့သဖြင့် မီးပေါ့ဆစွာ သုံးစွဲသူ ဦးငွေထွေးအား ပွင့်ဖြူမြို့နယ်၊ မြို့မရဲစခန်း (ပ)၄၃/၂၀၁၅၊ ပြစ်မှုပုဒ်မ ၂၈၅ အရ အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video