Saturday, March 7, 2015

၂၀၁၅ ခုနှစ်၊ မတ်လ ၆ ရက်နေ့ နေ့လယ် (၁၃း၄၅)နာရီ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ မကွေးနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ မကွေးမြို့၊ အောင်မေတ္တာ“ဃ” ရပ်ကွက်နေသူ ဦးညွန့်တင်(၄၆)နှစ်၏ နေအိမ် ဈေးဆိုင်အတွင်း ၀င်ရောက်ရှာဖွေရာ (၁)လီတာဆန့် ရေသန့်ဗူးဖြင့် ထည့်လျှက် ဓါတ်ဆီ (၂၂)ဗူး(၅.၅ ဂါလံခန့်) တန်ဖိုး ၁၇၆၀၀ိ/-ခန့်နှင့် ဓါတ်ဆီ ရောင်းချရာတွင် အသုံးပြုသော ပစ္စည်း ကိရိယာများအား သိမ်းဆည်းရမိခဲ့သဖြင့် ခွင့်ပြုချက် တစ်စုံတစ်ရာမရှိဘဲ လောင်စာဆီများအား လက်ဝယ်ထားရှိ ရောင်းချသူ ဦးညွန့်တင် အား မကွေးမြို့နယ်၊ မကွေးနယ်မြေရဲစခန်း (ပ)၅၃/၂၀၁၅၊ လောင်စာဆီဥပဒေပုဒ်မ ၂၃(၁)(က) အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိပါသည်။ 
 
အလားတူ ၂၀၁၅ ခုနှစ်၊ မတ်လ ၆ ရက်နေ့ ညနေ (၃) နာရီအချိန်ခန့်တွင် မကွေးနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ မကွေးမြို့၊ ရန်ပယ်ရပ်ကွက်နေသူ ကိုဝင်းထွန်း (၂၆)နှစ် ၏ `မနွယ်´ ကွမ်းယာဆိုင်အတွင်း ၀င်ရောက်ရှာဖွေရာ (၁)လီတာဆန့် ရေသန့်ဗူးဖြင့် ထည့်ထားသော ဓါတ်ဆီ(၁၀၆) ဗူး(၂၆.၅ဂါလံခန့်) တန်ဖိုး ၈၄၈၀၀ိ/-ခန့်နှင့်ဓါတ်ဆီ ရောင်းချရာတွင် အသုံးပြုသော ပစ္စည်းကိရိယာများအား သိမ်းဆည်းရမိသဖြင့် ခွင့်ပြုချက်တစ်စုံ တစ်ရာမရှိဘဲ လောင်စာဆီများအား လက်ဝယ်ထားရှိ ရောင်းချသူ ၀င်းထွန်းအား မကွေးနယ်မြေ ရဲစခန်း (ပ)၅၄/၂၀၁၅၊ လောင်စာဆီဥပဒေပုဒ်မ ၂၃(၁)(က) အရ အမှုဖွင့်အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video