၂၀၁၅ ခုနှစ်၊ မတ်လ ၆ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ ကန်ဇွန်းမနယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် နယ်မြေအတွင်း လှည့်ကင်းဆောင် ရွက်နေစဉ် ကော်တုံကျေးရွာ၊ ရွာလယ်လမ်းတွင် အရက်သောက်စား မူးယစ်ကာ အရိုး ၃လက်မ ၊ အသွား ၇.၅လက်မရှိ သုံးမြှောင့်ချွန် စကေဘာ ကိုင်ဆောင် ထားသော ဆိပ်ဖြူမြို့နယ်၊ ငှက်ပြာကြီးကျေးရွာနေ သူ တေဇထွန်း (၃၀)နှစ်အား တွေ့ရှိရသဖြင့် အများပြည်သူ သွားလာသည့် လမ်းပေါ်တွင် အရက်သောက် စား မူးယစ်ပြီး အန္တရာယ်ဖြစ်စေနိုင်သည့် သုံးမြှောင့်ချွန် စကေဘာ ကိုင်ဆောင်သူ တေဇထွန်း အား ဆိပ်ဖြူမြို့နယ်၊ ကန်ဇွန်းမနယ်မြေရဲစခန်း (ပ)၉/၂၀၁၅၊ လက်နက်ပုဒ်မ ၁၉(င) အရ အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိပါသည်။
Saturday, March 7, 2015
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment