Saturday, March 7, 2015

၂၀၁၅ ခုနှစ်၊ မတ်လ ၆ ရက်နေ့ ည (၁၀)နာရီ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ မကွေးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ မကွေးမြို့၊ မြင်သာ ရပ်ကွက်၊ ၂၉ လမ်းရှိ J&P အအေးခန်းနှင့် အဆင့်မြင့် စားသောက်ဆိုင်သို့ ၀င်ရောက် ရှာဖွေ စစ်ဆေး ခဲ့ကြောင်း ၊

စစ်ဆေးချက်အရ စားသောက်ဆိုင် အပေါ်ထပ်ရှိ အခန်းအမှတ်(၃)အတွင်း၌ မကွေးမြို့နေသူ စားသုံး သူနှစ်ဦး တို့နှင့်အတူ စားသောက်ဆိုင်မှ ဖျော်ဖြေသူ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် နေသူ မဇာဇာအေး (၁၉)နှစ် နှင့် လှိုင်သာယာမြို့နယ်၊ ရေအိုးကန်ရပ်ကွက်နေသူ မတင်တင်ကြူ (၁၉)နှစ်တို့အား ဗီဒီယိုအပေါ်စက်၊ အောက်စက်နှင့် ဆက်စပ်ပစ္စည်းများဖြင့် သီဆို ဖျော်ဖြေနေသည်ကို စစ်ဆေး တွေ့ရှိ ရကြောင်း ၊ 
ခွင့်ပြုချက်လိုင်စင်မရှိဘဲ ဗီဒီယိုပြသ ဖျော်ဖြေလုပ်ကိုင်သူ ဆိုင်မန်နေဂျာ ဦးအောင်ကိုငြိမ်း(၃၄)နှစ် အား မကွေးမြို့နယ်၊ မြို့မရဲစခန်း (ပ)၆၃/၂၀၁၅၊ ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေပုဒ်မ ၃၂(ခ) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video