Saturday, March 7, 2015

၂၀၁၅ ခုနှစ်၊ မတ်လ ၆ ရက်နေ့ ညနေ (၀၃း၁၀) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ရဲတပ်ဖွဲ့မှူးရုံး မှုခင်းအကူဌာနစုမှ ရဲတပ်ဖွဲ့ဝင်များနှင့် ကမ္မနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ သည် သတင်းအရ သက်သေများနှင့်အတူ ခရိုင်ရဲတပ်ဖွဲ့မှူး၏ လောင်းကစား ဖမ်းဝရမ်း အမှတ် ၇/၂၀၁၅ ဖြင့် ပခုက္ကူမြို့နယ်၊ ကမ္မကျေးရွာအုပ်စု၊ လက်ပြရပ်ကွက်နေသူ ဒေါ်မြလွင် (၄၇)နှစ် ၏ နေအိမ်အား ၀င်ရောက် ရှာဖွေရာ နှစ်လုံးထီ လောင်းကစားရာတွင် အသုံးပြုသော စာရွက်စာတမ်းများနှင့် လောင်းကြေးငွေ စက္ကူရောရာ ၇၇၀၀ိ/-တို့အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိသဖြင့် ဒေါ်မြလွင်အား ပခုက္ကူမြို့နယ်၊ ကမ္မနယ်မြေ ရဲစခန်း (ပ)၁၅/၂၀၁၅၊ လောင်းကစားဥပဒေ ပုဒ်မ ၁၅(က)/၁၆(က) အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video