Saturday, March 7, 2015

၂၀၁၅ ခုနှစ်၊ မတ်လ ၆ ရက်နေ့ ည ၆ နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ ကြို့ပင်နယ်မြေရဲစခန်းရဲတပ်ဖွဲ့ဝင်များသည် ကြို့ပင်ကျေးရွာ ကျွန်းပင်မောင်နှမတဲတိုက် အနီး၊ ပုသိမ်-မုံရွာကားလမ်းတွင် ယာဉ်တိုက်မှု ဖြစ်ပွား ကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ် ဆေးခဲ့ကြောင်း၊ 
စစ်ဆေးချက်အရ ပုသိမ်-မုံရွာကားလမ်းအတိုင်း မင်းတုန်းဘက်မှ ဥသျှစ်ပင်ဘက်သို့ ရန်ကုန်တိုင်း ဒေသ ကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ “ဌ”ရပ်ကွက်၊ ခေမာလမ်း၊ အမှတ်(၆၇) နေသူ အောင်ကိုကိုလွင် (၃၉)နှစ် မောင်းနှင်ပြီး ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်နေသူ ယာဉ် နောက်လိုက် ရှမ်းလေး(ခ) စိုင်းဝဏ္ဏအောင် (၂၇)နှစ် လိုက်ပါလာသည့် EE 1777 TOYOTA CALDINA AT 211 အနက်ရောင် မော်တော်ယာဉ်သည် မိုင်တိုင်အမှတ် ၁၉၀/၂နှင့် ၁၉၀/၃ အကြား အရောက် တွင် နွားတစ်ကောင်အား ၀င်ရောက်တိုက်မိပြီး လမ်းဘေးတွင် ပုံထားသော မီးတိုင်များအား ထပ်မံဝင်ရောက် တိုက်မိကာ တိမ်းမှောက်ခဲ့သဖြင့် ယာဉ်ပေါ်ပါ ရှမ်းလေး(ခ)စိုင်းဝဏ္ဏအောင်တွင် အပြင်းအထန် ဒဏ်ရာများ ရရှိခဲ့သဖြင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ အောင်ကိုကိုလွင်အား ကံမမြို့နယ်၊ ကြို့ပင်နယ်မြေ ရဲခစန်း ယာဉ်(ပ)၃/၂၀၁၅၊ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၃၈ အရ အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိပါသည်။
 

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video