Saturday, March 7, 2015

၂၀၁၅ ခုနှစ်၊ မတ်လ ၆ ရက်နေ့ နံနက် (၂) နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ အိုင်းမရဲကင်း စခန်းမှူး ဒုရဲအုပ် မြင့်ဝေသည် မင်းဘူးမြို့နယ်၊ ပုသိမ်-မုံရွာ ကားလမ်းမှ ရွှေစက်တော်ဘုရားသို့ သွားသည့် (၈)မိုင်လမ်းပေါ်တွင် သုံးဘီး ဆိုင်ကယ်တစ်စီး တိမ်းမှောက်ကြောင်း သတင်းအရ သက်သေများနှင့် အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိ ပါသည်။
စစ်ဆေးချက်အရ မကွေးမြို့၊ အောင်မေတ္တာရပ်ကွက်နေသူ မိုးကျော် (၄၂)နှစ် မောင်းနှင်ပြီး ခရီးသည် (၆)ဦးလိုက်ပါလာသော ၂ဟ/xxxxx၊ ရှင်းလီဖန်း၊ အပြာရောင် သုံးဘီးဆိုင်ကယ် ယာဉ်သည် မင်းလှမြို့နယ်၊ ဒဟတ်ပင် ရေနံမှော်မှ ရွှေစက်တော် ဘုရားသို့ မောင်းနှင်လာစဉ် ပုသိမ်-မုံရွာ ကားလမ်းရှိ (၈)မိုင်လမ်းဆုံမှ (၂)ဖာလုံခန့်အကွာ ကုန်းဆင်း အရောက်တွင် ကလပ်အုံကွဲ၍ အရှိန် မထိန်းနိုင်ဖြစ်ကာ ယာဉ်ပေါ်ပါ ခရီးသည်(၆)ဦးမှာ ကြောက်လန့်၍ ခုန်ချကြသဖြင့် ဆင်ပေါင်ဝဲမြို့နယ်၊ ကုတင်ကြီး ကျေးရွာနေသူ မခင်နွဲ့ (၂၈)နှစ်မှာ ဦးခေါင်းဖူးရောင်ဒဏ်ရာ ရရှိကာ နေရာတွင် သေဆုံး သွားခဲ့ကြောင်း၊ ယာဉ်မောင်း မိုးကျော်နှင့် ယာဉ်ပေါ်ပါ ခရီးသည် ကျန်(၅)ဦးမှာ စိုးရိမ်ဖွယ်မရှိသော ဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်း သိရှိရပါသည်။ ယာဉ်မဆင်မခြင် မောင်းနှင်သူ မိုးကျော်အား မင်းဘူးမြို့နယ်၊ စကုနယ်မြေ ရဲစခန်း ယာဉ်(ပ) ၅/၂၀၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၃၇/၃၃၈/၃၀၄-က အရ အမှုဖွင့်အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video