၂၀၁၅ ခုနှစ်၊ မတ်လ ၆ ရက်နေ့ ည (၁၁)နာရီခွဲ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက် ခရိုင်၊ အောင်လံမြို့နယ်၊ အောင်လံမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် အောင်လံမြို့နယ်၊ ရွှေညောင်ပင်ရွာ အနီး ပြည်လမ်းမပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့် အတူ သွားရောက် စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
စစ်ဆေးချက်အရ ရန်ကုန်- ပြည်- မန္တလေး ကားလမ်းအတိုင်း အောင်လံ မြို့ဘက်မှ တောင်တွင်းကြီး မြို့ဘက်သို့ အောင်လံမြို့၊ ဇေယျဝတီရပ်ကွက်နေသူ AGD ဘဏ်ဝန်ထမ်း အောင်လေး(ခ) အောင်မင်းသူ (၂၉)နှစ် မောင်းနှင်သော SUZUKI SMASH 110 နီနက်ကြား ဆိုင်ကယ် သည် မိုင်တိုင်အမှတ် ၂၂၇/၁ အနီးအရောက် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ ဗန္ဓာပင်အား ၀င်ရောက် တိုက်မိကာ အောင်လေး (ခ) အောင်မင်းသူတွင် ၀ဲဂျိုစောင်း ပေါက်ပြဲဒဏ်ရာ၊ နားနှစ်ဘက် နှင့်ပါးစပ် သွေးထွက်ဒဏ်ရာ ရရှိကာ သေဆုံးသွားသည်ကို စစ်ဆေး တွေ့ရှိရသဖြင့် ဆိုင်ကယ် မဆင်မခြင် မောင်းနှင်သူ အောင်လေး (ခ) အောင်မင်းသူအား အောင်လံမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ)၁၀/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၄-က အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သိရှိရပါသည်။


0 comments:
Post a Comment