၂၀၁၅ ခုနှစ်၊ မတ်လ ၆ ရက်နေ့ နံနက် ၅ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ရဲအကူတပ်ဖွဲ့ခွဲ မှုခင်းအကူဌာနစုမှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေအတွင်း သတင်းစုံစမ်းနေစဉ် မင်းဘူး(စကု) မြို့နယ်၊ ကျောင်းရွာကျေးရွာနေသူ စနေမ(ခ) မခင်ဝေ (၃၅)နှစ် နှင့် ၄င်း၏နေအိမ် တွင် ရောက်ရှိ တည်းခိုနေသော ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ သရက်ကုန်းရွာနေသူ ကိုသက် (ခ)လမင်း (၂၀)နှစ် တို့သည် ခိုးမှုများ မကြာခဏ ကျူးလွန်လျက်ရှိကြောင်း သတင်းအရ ခေါ်ယူ စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
စစ်ဆေးချက်အရ ၄င်းတို့ နှစ်ဦးသည် လွန်ခဲ့သော ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ အတွင်းက မင်းတုန်း မြို့နယ်၊ မြောက်ပြင်ကျေးရွာ၊ ဘုန်းတော်ကြီးပျံပွဲတွင် အမည်မသိ လူ(၂)ဦးထံမှ ရွှေဆွဲကြိုး နှစ်ကုံး အား ဖြတ်ယူခဲ့ပြီး ကံမမြို့နယ်၊ ကြို့ပင်ကျေးရွာရှိ “ဇဗ္မူရစ်ရွှေ” ရွှေဆိုင်ပိုင်ရှင် ဦးအေးမင်း (၃၉)နှစ် ထံသို့ ငွေ ၃၉၅၀၀၀ိ/-ဖြင့် ရောင်းချခဲ့ကြောင်း သိရှိရသဖြင့် ၄င်းတို့ရောင်းချခဲ့သော ရွှေထည်ပစ္စည်းများအား သက်သေ များနှင့်အတူ သွားရောက်သိမ်းဆည်းခဲ့ပြီး ကိုသက်(ခ)လမင်းနှင့် စနေမ(ခ) မခင်ဝေ တို့နှစ်ဦးအား မင်းတုန်းမြို့နယ်၊ မြို့မရဲစခန်း (ပ)၁၀/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၉ (နှိုက်) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။

0 comments:
Post a Comment