Friday, March 6, 2015

မကွေးမြို့ ၊ ၂၀၁၅ ခုနှစ်၊ မတ်လ ၆ ရက်
၃.၃.၂ဝ၁၅ ရက်နေ့ ဝ၆၃ဝ အချိန်ခန့်တွင် အောင်လံမြို့နယ်၊ မြို့မရဲစခန်းမှ ရဲအုပ် ထွန်းထွန်းလင်းနှင့် တပ်ဖွဲ့ဝင်များသည် အောင်လံမြို့မရဲစခန်း (ပ)၁၃၆/၂ဝ၁၂၊ ပြစ်မှုပုဒ်မ ၃၈ဝ အမှုမှ မှတ်ပုံတင် ၂၉(ဂ) စာရင်းဝင် တရားခံပြေး မချိုချိုလွင်၊ ၃၂နှစ်၊ ကျပန်း၊ ဗမာ/ဗုဒ္ဓ၊ (ဖ)ဦးအေးလွင်၊ အလယ်လမ်း၊ ကန်ကြီးရပ်ကွက် ၊ အောင်လံမြို့နယ်နေသူသည် ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ် ၊ ခြင်ကိုက်ကွင်းကျေးရွာသို့  ရောက်ရှိနေကြောင်းသတင်းအရ တိုင်းကျော်ခရီးသွား လာခွင့်တင်ပြ၍ သွားရောက်ခဲ့ပြီး အင်္ဂပူမြို့မ ရဲစခန်းမှရဲတပ်ဖွဲ့ဝင်များ၊ ခြင်ကိုက်ကွင်းကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ တရားခံပြေး မချိုချိုလွင်အား ဖမ်းဆီးရမိရေးစီစဉ် ဆောင်ရွက်ခဲ့ရာ မချိုချိုလွင် အား ခြင်ကိုက် ကွင်းကျေးရွာ၊ ပျိုးဥယျာဉ်ခြံ၌  တွေ့ရှိဖမ်ဆီးရမိခဲ့၍ ၄င်းအား အောင်လံမြို့မရဲစခန်းသို့ ခေါ်ဆောင်လာကာ ရဲစခန်းအချုပ်တွင် ၃.၃.၂ဝ၁၅ ရက်နေ့ ၂၁၃ဝ အချိန် အမှုဖြင့် ချုပ်နှောင်ထား ရှိပြီး အောင်လံမြို့နယ် တရားရုံးသို့ အမြန် တရားစွဲတင်ပို့ရန် စီစဉ်ထားကြောင်း သိရှိရသည်။

မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း မှတ်ပုံတင်၂၉(က)စာရင်းဝင် တရားခံပြေး (၁၂) ဦး၊ မှတ်ပုံ တင်၂၉(ဂ)စာရင်းဝင် တရာခံပြေး (၂၃၄) ဦးရှိသည့်အနက် ၅.၃.၂ဝ၁၅ ရက်နေ့အထိ မှတ်ပုံတင် ၂၉(က) စာရင်းဝင် တရားခံပြေး(၂)ဦး၊ မှတ်ပုံတင်၂၉(ဂ)စာရင်းဝင် တရားခံပြေး(၇၆)ဦး၊ စုစုပေါင်း စာရင်း ဝင် တရားခံပြေး(၇၈)ဦးအား ဖမ်းဆီးရမိပြီးဖြစ်၍ ဖမ်းဆီးရန်ကျန်ရှိသော တရားခံပြေး အရေ အတွက်မှာ (၁၆၈)ဦးဖြစ်သဖြင့် ဖမ်းဆီးရမိမှုမှာ (၃၁.၇)ရာခိုင်နှုန်းဖြစ်ပြီး သက်ဆိုင်ရာ တရားရုံးများသို့ တရားစွဲ တင်ပို့နိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။




0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video