၂၀၁၅ ခုနှစ်၊ မတ်လ ၅ ရက်နေ့ ည (၁၀း၄၀) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူ မြို့နယ်၊ ပခုက္ကူမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ ပခုက္ကူမြို့၊ မြိုင်သာယာ ကွက်သစ်အနီး ပြည့်တန်ဆာလုပ်ငန်းပပျောက်ရေးအတွက် စောင့်ဆိုင်းစဉ် အမျိုးသမီး ၃ ဦးမှ အမျိုးသားများ အား မြူဆွယ်နေစဉ် တွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။
မြိုင်သာယာကွက်သစ်အရှေ့ဘက် တောစပ်အနီး၌ ပြည်မြို့၊ ဘုတ်ဆုံမလမ်းနေ မသိမ့်သိမ့် (၂ဝ) နှစ် ၊ စစ်တွေမြို့၊ အောင်မင်္ဂလာကွက်သစ်နေ မစုလှိုင်(၂၄)နှစ်နှင့် မြောက်ဥက္ကလာပမြို့နယ်၊ တံတားကြီး ရပ်ကွက်နေ မနိုင်နိုင်(၂၅) နှစ်တို့ (၃)ဦးအား မိတ်ကပ်များလိမ်းခြယ်၍ အင်္ကျီစကပ်တိုများ မလုံမခြုံ ဝတ်ဆင်ပြီး ဟီရိသြတပ္ပတရားကင်းမဲ့စွာဖြင့် အမျိုးသားများအား မြူဆွယ်နေစဉ် တွေ့ရှိ ဖမ်းဆီးရမိ သဖြင့် မသိမ့်သိမ့်ပါ(၃)ဦးအား ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်း(ပ)၆၇/၂ဝ၁၅၊ ပြည့်တန်ဆာနှိပ်ကွပ်ရေး ဥပဒေပုဒ်မ ၃(က) အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။


0 comments:
Post a Comment