၂၀၁၅ ခုနှစ်၊ မတ်လ ၅ ရက်နေ့ နံနက် (၁၁း၂၅) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေး မြို့နယ်၊ မကွေးနယ်မြေရဲစခန်းမှူးနှင့်တပ်ဖွဲ့ဝင်များသည် လောင်းကစားသတင်းအရ သက်သေ များနှင့်အတူ မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး၏ လောင်းကစားဖမ်းဝရမ်းအမှတ် (၆/၂ဝ၁၅)ဖြင့် မကွေးမြို့၊ ဆုံရပ်ကွက်နေ ဦးညွန့်လွင်(၆ဝ)နှစ်၏နေအိမ်သို့ဝင်ရောက်ရှာဖွေခဲ့ကြောင်း သတင်းရရှိပါသည်။
မကွေးမြို့၊ ဆုံရပ်ကွက်၊ ၉ လမ်းနေ ဦးညွန့်လွင်(၆ဝ)နှစ်၏နေအိမ်အတွင်းမှ နှစ်လုံးထီလောင်းကစား ရာတွင် အသုံးပြုသည့် စာရွက်စာတမ်းများနှင့် လောင်းကြေးငွေ ၃၇၅ဝဝိ/- တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ သဖြင့် နှစ်လုံးထီလောင်းကစားပြုလုပ်သူ ညွန့်လွင်အား မကွေးမြို့နယ်၊ မကွေးမြို့မရဲစခန်း (ပ) ၅၇/၂ဝ၁၅ ၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။


0 comments:
Post a Comment