Friday, March 6, 2015

၂၀၁၅ ခုနှစ်၊ မတ်လ ၅ ရက်နေ့ နေ့လည် (၂) နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် ၊ ချောက်မြို့နယ်၊ စလေနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့် အတူ ချောက်မြို့နယ်၊ စလေအုပ်စု၊ ထန်းပင်ခြံကျေးရွာရှိ သိန်းဌေး(၃၁)နှစ်၏နေအိမ်အား ဝင်ရောက် ရှာဖွေရာ တရားမဝင် လောင်စာဆီများဖြစ်သည့် ဓါတ်ဆီ(၅ဝ)ဂါလံပါ ပေပါ(၁၄)လုံး၊ တန်ဖိုး ၂၂၂ဝဝဝဝိ/- ခန့်၊ ပေပါခွံ(၃)လုံး၊ တန်ဖိုး ၉ဝဝဝိ/- (၈)ဂါလံဆန့် ပလပ်စတစ်ဗူးကြီးဖြင့်ထည့်ထားသည့် ဒီဇယ်ဆီ(၁)ဗူး၊ တန်ဖိုး ၂ဝဝဝဝိ/-၊ ဆီဖြည့်စက်(၃)လုံး၊ တန်ဖိုး ၃၇ဝဝဝဝဝိ/-ခန့်၊ စုစုပေါင်းတန်ဖိုး ၅၉၅၁ဝဝဝိ/-ခန့် အား တွေ့ရှိသိမ်းဆည်းရမိသဖြင့် တရားမဝင် လောင်စာဆီများ သိုလှောင်ရောင်းချသူ သိန်းဌေး အား ချောက်မြို့နယ်၊ စလေနယ်မြေရဲစခန်း(ပ)၁၃/၂ဝ၁၅၊ အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေ ပုဒ်မ ၅ အရ အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။ 

၎င်းနောက် စလေနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ ထန်းပင်ခြံကျေးရွာရှိ သန်းထွန်း(၄၆)နှစ်၏နေအိမ်အား ဆက်လက်ရှာဖွေခဲ့ရာ တရားမဝင် လောင်စာ ဆီ များဖြစ်သည့် ဓါတ်ဆီ(၂၅)ဂါလံခန့်ပါ ပေပါ(၂)လုံးနှင့် ပေပါခွံ(၁ဝ)လုံး၊ တန်ဖိုး ၂၁ဝဝဝဝိ/-ခန့်၊ ဒီဇယ်ဆီ (၅ဝ)ဂါလံပါ ပေပါ(၂)လုံးနှင့် ဒီဇယ်(၂၅)ဂါလံပါ ပေပါ(၁)လုံး၊ တန်ဖိုး ၃၂၅ဝဝဝိ/- ၊ ဆီဖြည့် စက်(၂)လုံး တန်ဖိုး ၃၇၃၂၃ဝဝိ/-ခန့်၊ စုစုပေါင်းတန်ဖိုး ၄၂၆၇၃ဝဝိ/-ခန့်အား တွေ့ရှိ သိမ်းဆည်း ရမိသဖြင့် တရားမဝင် လောင်စာဆီများ သိုလှောင်ရောင်းချသူ သန်းထွန်းအား ချောက်မြို့နယ်၊ စလေနယ်မြေရဲစခန်း (ပ)၁၄/၂ဝ၁၅၊ အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video