Friday, March 6, 2015

၂၀၁၅ ခုနှစ်၊ မတ်လ ၅ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် ၊ ချောက် မြို့နယ်၊ ချောက်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ ချောက်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ရွှေဘုံတောင်ရပ်နေ ဦးလှထွေး(၅၃)နှစ်၏နေအိမ်အား ဝင်ရောက် ရှာဖွေခဲ့ကြောင်း သတင်းရရှိပါသည်။

 ရွှေဘုံတောင်ရပ်နေ ဦးလှထွေး(၅၃)နှစ်၏နေအိမ်တွင် တရားမဝင် လောင်စာဆီ များဖြစ်သည့် ဓါတ်ဆီ (၅ဝ)ဂါလံပါ ပေပါ(၂)လုံး၊ ကာလတန်ဖိုး ၃၆ဝဝဝဝိ/-၊ ဓါတ်ဆီ ထည့်သည့်ပေပါခွံ (၄)လုံး ၊ တန်ဖိုး ၁၂ဝဝဝိ/-၊ DOCANDO အမျိုးအစား အနီရောင် ဆီဖြည့်စက်(၁)လုံး၊ တန်ဖိုး ၁၂ဝဝဝဝဝိ/-၊ စုစုပေါင်း တန်ဖိုး ၁၅၇၂ဝဝဝိ/- ခန့်အားတွေ့ရှိ သိမ်းဆည်းရမိသဖြင့် တရားမဝင်လောင်စာဆီများ သိုလှောင် ရောင်းချသူ ဦးလှထွေးအား ချောက်မြို့နယ်၊ မြို့မရဲစခန်း(ပ)၃၈/၂ဝ၁၅၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video