Friday, March 6, 2015

၂၀၁၅ ခုနှစ်၊ မတ်လ ၅ ရက်နေ့ ည (၁၀း၂၀) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး မြို့၊ မင်းဘူး-မကွေးကားလမ်း တောင်လှည်းကောက်လမ်းဆုံ၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ မင်းဘူးမြို့နယ် ယာဉ်/လမ်းစည်းကမ်းထိန်းသိမ်းရေးတာဝန်ကျ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

ဖြစ်စဉ်အား စစ်ဆေးရာ တောင်လှည်းကောက်လမ်းဆုံအနီးတွင် မကွေးမှ မင်းဘူးမြို့တွင်းသို့ မင်းဘူးမြို့၊ အမှတ်(၃)ရပ်ကွက်နေ ကျော်ရဲအောင် (၁၈)နှစ် မောင်းနှင်ပြီး နောက်မှတစ်ရပ်ကွက်တည်းနေ မျိုးသက်ထွန်း ၊ (၁၈)နှစ် လိုက်ပါလာသော ၄ယ/xxx ၊ ကန်ဘို ၁၁ဝ အစိမ်းရောင်သည် အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောမှ မောင်းနှင်လာသည့် ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ ဒွာရဝတီ (ခ)ရပ်ကွက်နေ ဇင်မင်းထူး (၂ဝ)နှစ် မောင်းနှင်သည့် ၈စ/xxxx ၊ ရွှေပြည်ရခိုင်ယာဉ်လိုင်း စူပါမြေလတ် စက်မှုဇုံထုတ် BUS အစိမ်းနုရောင် ယာဉ်၏ယာဘက်ရှေ့ဘီးအား ဝင်ရောက်တိုက်မိပြီး ကျော်ရဲအောင်တွင် ယာမျက်ခုံးပွန်း၊ ဝဲခြေဖဝါး ပွန်းပဲ့ဒဏ်ရာရရှိပြီး မျိုးသက်ထွန်းတွင် နှာခေါင်းသွေးထွက်ဒဏ်ရာ ရရှိ၍ သေဆုံးသွားကြောင်း သိရှိရသည်။ 

ဆိုင်ကယ်အား မဆင်မခြင်မောင်းနှင်သူ ကျော်ရဲအောင် (၁၈)နှစ်အား မင်းဘူးမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ) ၁၃/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃ဝ၄-က/၃၃၇ အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိပါသည်။


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video