၂၀၁၅ ခုနှစ်၊ မတ်လ ၅ ရက်နေ့ ညနေ (၃း၄၅) အချိန်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၊ နတ်မောက်လမ်းရှိ Green Luck ဓါတ်ဆီဆိုင်အနီးတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ အမှတ် (၄) ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ မကွေးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေ များနှင့် အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
ဖြစ်စဉ်အား စစ်ဆေးရာ နတ်မောက်လမ်းအတိုင်း မကွေးမှ ရေနံချောင်းဘက်သို့ ရေနံချောင်းမြို့၊ ရှစ်မျက်နှာ ရုံးရပ်နေ လှိုင်ဝင်း(၄ဝ)နှစ်မောင်းနှင်လာသည့် 3B/xxxx ၊ NISSAN (၆)ဘီး ခရီးသည်တင် ''ထိပ်တန်း'' (မကွေး-မန္တလေး)မော်တော်ယာဉ်သည် သုံးဘီးဆိုင်ကယ်အား ကျော်တက်မောင်းနှင်စဉ် မျက်နှာချင်းဆိုင် သင်ကြားရေးဆေးရုံလမ်းခွဲမှ မကွေးမြို့ဘက်သို့ ဆေးတက္ကသိုလ်(ပထမနှစ်) ကျောင်း သားဖြစ်သူ ဆော မြို့နယ်၊ နော်ကျေးရွာနေ ချစ်ကိုကို (၁၇)နှစ်မောင်းနှင်ပြီး နောက်မှ မကွေး ဆေးတက္ကသိုလ် ဓါတုဗေဒ သရုပ်ပြဆရာမဖြစ်သူ ပခုက္ကူမြို့၊ အမှတ်(၆)ရပ်ကွက်နေ ဒေါ်ဝင်းဌေး (၄ဝ)နှစ် လိုက်ပါလာသော ၁ဝယ/xxxx ၊ လော့ဂျာ ၁၁ဝ အစိမ်းရောင်ဆိုင်ကယ်အား ဝင်ရောက် တိုက်မိပြီး ချစ်ကိုကိုတွင် မျက်ခုံးပေါက်ပြဲဒဏ်ရာ၊ ယာဒူးပေါက်ပြဲ၊ ယာခြေမပွန်း၊ နောက်စေ့ဖူးရောင် ဒဏ်ရာများနှင့်ဒေါ်ဝင်းဌေးတွင် နားသွေးထွက်၊ နှာခေါင်းသွေးထွက်ဒဏ်ရာများရရှိပြီး သေဆုံးသွားကြောင်း သိရှိရသည်။

ယာဉ်အား မဆင်မခြင်မောင်းနှင်သူ လှိုင်ဝင်း (၄၀)နှစ်အား မကွေးမြို့နယ်၊ မကွေးနယ်မြေရဲစခန်း ယာဉ်(ပ)၈/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃ဝ၄-က/၃၃၈ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။

0 comments:
Post a Comment