Thursday, March 5, 2015

သရက် မတ် ၅
    မကွေးတိုင်းဒေသကြီး သရက်မြို့တွင်ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင်
 နိုင်ငံတော်ကာကွယ်ရေး       တာဝန်များကို သက်စွန့်ကြိုးပမ်း ထမ်းဆောင်နေသော တပ်မတော်သားများ/ကျဆုံး/ဒဏ်ရာရ တပ်မတော်သားများ၊  လုံခြုံရေးအဖွဲ့ အစည်းများ
အတွက် အလှူငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက်(၉)နာရီက မြို့နယ် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
   အဆိုပါ အခမ်းအနားတွင် ခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင် က အလှူငွေပေးအပ်ရခြင်း ရည်ရွယ်ချက် နှင့်လှူဒါန်းကြသည့်စေတနာရှင်အလှူရှင်များအား ကျေးဇူးတင်စကား ပြောကြားပေးပြီး မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စာလှယ်ဒေါ်ယဉ်ယဉ်လှ၊ခရိုင်အုပ်ချုပ်ရေးမှူးဦးတေဇာအောင်နှင့်မြို့နယ်
အုပ်ချုပ်ရေးမှူးဦးညွန့်လှိုင်ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ(NGO)အဖွဲ့အစည်းများမှလှူဒါန်းကြသည့်အလှူငွေ
(၁၅)သိန်း(၉)သောင်း အား ကပစ-၁၂မှ စက်ရုံမှူး ဗိုလ်မှူးကြီး က လက်ခံရယူခဲ့သည်။
၃။    အဆိုပါ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စာလှယ်၊ခရိုင်နှင့် မြို့နယ် အုပ်ချုပ်ရေးမှူးးခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊(NGO)အဖွဲ့အစည်းများ နှင့်စေတနာအလှူရှင်
များ တက်ရောက်ခဲ့ ကြောင်းသိရသည်။
                                                                                                         ဇော်ထက်(သရက်)

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video