၂၀၁၅ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့ နံနက် (၁၀း၄၀) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ပေါက်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် နယ်မြေအတွင်း သတင်း စုံစမ်းနေ စဉ် ပေါက်-ပခုက္ကူ ကားလမ်းပေါ်၊ မိုင်တိုင်အမှတ် ၄၄/၄ နှင့် ၄၄/၅အကြား၊ သီးခြောက် ကျေးရွာ အနီး တွင် မြောက်ဘက်ကျေး ရွာမှ သီးခြောက်ကျေးရွာဘက်သို့ ပေါက်မြို့နယ်၊ မြောက်ဘက် ကျေးရွာနေ သူ ကျော်စိန်သန်း(၅၁)နှစ် မောင်းနှင်လာသော T1-62540 နံပါတ်ပါ Follow Me-110 အစိမ်းရောင် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ၄င်း၏ ခန္ဓာကိုယ် အင်္ကျီအိတ်ကပ်အတွင်းမှ ချဲထီလောင်းကစားရာတွင် အသုံးပြုသည့် စာရွက်စာတမ်းများ နှင့်အတူ လောင်းကြေးငွေစက္ကူ ရောရာ ၃၈၅၅၀ိ/- အားတွေ့ရှိ သိမ်းဆည်း ရမိခဲ့သဖြင့် ကျော်စိန်သန်းအား ပေါက်မြို့နယ်၊ မြို့မရဲစခန်း (ပ)၂၆/၂၀၁၅၊ လောင်းကစား ဥပဒေ ပုဒ်မ ၁၅(က)/၁၆(က) အရ အမှုရေးဖွင့် ဆောင်ရွက်လျှက်ရှိ ကြောင်း သတင်းရရှိပါသည်။
Sunday, March 15, 2015
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment