Sunday, March 15, 2015

၂၀၁၅ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့ နံနက် (၁၀)နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်၊ နတ်မောက် မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ခေတ္တစခန်းမှူး တာဝန် ဆောင်ရွက်နေ စဉ် လူတစ်ဦး ကျောက်တုံးပိ သေဆုံးနေကြောင်း သတင်းအရ သွားရောက် စစ်ဆေးရာ နတ်မောက် မြို့နယ်၊ ချောင်းဖြူကျေးရွာ အနောက်ဘက် (၂)ဖာလုံခန့်အကွာ ချောက်တောကုန်းတွင် စမ်းတောကုန်း ကျေး ရွာနေသူ စိုးမင်း (၃၂)နှစ် သည် ဇနီးဖြစ်သူ မရီမြင့်၊ အကိုဖြစ်သူ တင်မောင်လတ်၊ တစ်ရွာတည်းနေ ဦးညိုကြီးတို့နှင့်အတူ နေအိမ် ဆောက်လုပ်ရာတွင် အသုံးပြုသည့် ကျောက်မှုန့်များ အား အကျယ် ၁၇ ပေ၊ အမြင့် ၃ ပေခန့်ရှိ မြေကျင်းအတွင်း၌ တူးယူနေစဉ် မြေကျင်းထက်ရှိ ၃ ပေခွဲ ပတ်လည် မြေကြီးတုံးမှာ စိုးမင်း၏ ခန္ဓာကိုယ်ပေါ်သို့ ပဲ့၍ပြုတ်ကျသဖြင့် စိုးမင်းတွင် ယာနားသွေးထွက်၊ ယာဘက်နံဘေး ဖူရောင်ဒဏ်ရာတို့ ရရှိသေဆုံးသွားကြောင်း သိရှိရပါသည်။ 
စိုးမင်းသေဆုံးခြင်းအား ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန် နတ်မောက်မြို့နယ်၊ မြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၂/၂၀၁၅)ဖြင့် ရေးဖွင့် ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိ ပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video