၂၀၁၅ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့ နေ့လယ် (၂)နာရီခွဲ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက် ခရိုင်၊ အောင်လံမြို့နယ်၊ စကားတောင် ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ကျောက်စွယ်ကျိုး ကျေး ရွာနေ ဒေါ်စန်းဝင်း (၅၁)နှစ် သည် ကြိုးဆွဲချ သေဆုံးနေကြောင်း ဖုန်းဖြင့် အကြောင်းကြားချက် အရ သွားရောက် စစ်ဆေးခဲ့ကြောင်း၊
အခင်းဖြစ်နေရာသို့ ရောက်ရှိစဉ်တွင် သေဆုံးသူ ဒေါ်စန်းဝင်း မှာ ပြင်ပဒဏ်ရာမတွေ့ရှိဘဲ လည်ပင်း တွင် ကြိုးဒဏ်ရာဖြင့် ပက်လက် သေဆုံး နေကြောင်း တွေ့ရှိရသဖြင့် စစ်ဆေးရာ ဒေါ်စန်းဝင်းမှာ လွန်ခဲ့သော တစ်ပတ်ခန့်က ပဲကြီး ကောက်သည့် ကိစ္စနှင့် ပတ်သက်၍ ခင်ပွန်းဖြစ်သူ ဦးမောင်စန်း (၄၈)နှစ်နှင့် စကားများခဲ့ပြီး စိတ်ဆိုးနေခဲ့ကြောင်း၊

၂၀၁၅ မတ် ၁၄ ရက်နေ့တွင် တစ်ရွာတည်းနေ ခိုင်ဝင်းဇော်၏ အလှူ၌ ဒေါ်စန်းဝင်းမှ လက်ဖက်ခြောက် ၀ယ်လှူရန်ပြောသည်ကို ဦးမောင်စန်းမှ ဆပ်ပြာ ၀ယ်လှူရန် ပြောသဖြင့် ထပ်မံစကားများ ပြီးနောက် ဦးမောင်စန်းမှ အလှူသို့သွားနေစဉ် ဒေါ်စန်းဝင်းမှာ နေအိမ်တွင် ကျန်နေခဲ့ပြီးနောက် နေအိမ်အိပ်ခန်းအတွင်း အမြင့် ၁၀ ပေခန့်ရှိ ထုတ်တန်းဝါးလုံးတွင် နိုင်လွန်ကြိုးဖြင့် ကြိုးဆွဲချ သေဆုံးနေသည်ကို တွေ့ရှိရ၍ ဦးမောင်စန်းမှ အိမ်နီးနားချင်းများ နှင့်အတူ ကြိုးဖြေပြီး ကြမ်းပြင်ပေါ်တွင် ချထားခဲ့ကြောင်း သိရှိရပါသည်။

0 comments:
Post a Comment